DVB Logo
Home
နိုင်ငံတကာ
Spider Man ဝတ်စုံနှင့် Star Wars ဇာတ်ကား အမှတ်တရပစ္စည်းများ လေလံတင်မည်
DVB
·
November 28, 2025
Spider Man ဝတ်စုံနှင့် Star Wars ဇာတ်ကား အမှတ်တရပစ္စည်းများ လေလံတင်မည်
Donate to DVB

ကမ္ဘာကျော်ရုပ်ရှင်တွေဖြစ်တဲ့ Star Wars ၊ Spider Man နဲ့ Elf ဇာတ်ကားတွေမှာ ပါဝင်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို လာမယ့် ဒီဇင်ဘာလမှာ လေလံတင်ရောင်းချမှာဖြစ်ပါတယ်။

အမှတ်တရပစ္စည်းပေါင်း ၁,၃၅၀ ကျော်ကို ပေါင် ၈ သန်းဝန်းကျင်နဲ့ ရောင်းချမှာဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်ကနေ ၇ ရက်အထိ Propstore ရဲ့ ဆောင်းရာသီအမှတ်တရလေလံပစ္စည်း ရောင်းချမယ့် အစီအစဉ်မှာ ထည့်သွင်းထားပါတယ်။

အဲ့ဒီအထဲမှာ ၁၉၈၀ ပြည့်နှစ်က ထွက်ရှိခဲ့တဲ့ Star Wars: The Empire Strikes Back ဇာတ်ကားမှာ ဘော့ဘာဖိရဲ့ ရိုင်ဖယ်သေနတ်လည်း ပါဝင်ပြီး ပေါင် ၃၅၀,၀၀၀ ကနေ ၇၀၀,၀၀၀ အထိ ရောင်းချဖွယ်ရှိပါတယ်။ 

၁၉၈၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Return of the Jedi ဇာတ်ကားမှာပါဝင်တဲ့ ခေါင်းဆောင်းနဲ့ Stromtropper E-11 သေနတ်လည်း လေလံမှာပါဝင်မှာဖြစ်ပါတယ်။ 

Indiana Jones and the Temple of Doom ဇာတ်ကားမှာ သရုပ်ဆောင်တဲ့ ဟာရီဆင်ဖို့ဒ်ရဲ့ အညိုရောင် ဦးထုပ်လည်း ဒီလေလံပွဲမှာ ပါဝင်မှာပါ။ 

ဒါ့အပြင် ခရစ်စမတ်ရုပ်ရှင်ဖြစ်တဲ့ Elf ဇာတ်ကား ဇာတ်ကောင် ဖာရယ်ရဲ့ အစိမ်းရောင်ဝတ်စုံလည်း လေလံတင်မှာဖြစ်ပြီး Spider-Man 3 ဇာတ်ကားရဲ့ အနက်ရောင်ဝတ်စုံလည်း ပါဝင်မှာဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် တိုဘီမက်ဂွိုင်းယားဝတ်ဆင်ခဲ့တဲ့ စူပါဟီးရိုးဝတ်စုံဖြစ်တဲ့ Spider Man ဝတ်စုံကလည်း လူတွေစိတ်ဝင်စားတဲ့ ဝတ်စုံဖြစ်ပါတယ်။

ဒီလေလံပွဲမှာ Back to the Future ဇာတ်ကားမှာပါတဲ့ မာတီမက်ဖလိုင်းရဲ့ ဟိုဗာဘုတ်လည်း ပါဝင်ကာ The Red Shoes ဇာတ်ကားမှာပါတဲ့ ဘဲလေးဖိနပ်လည်း ပါဝင်မှာဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013