DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလား တိုက်ခိုက်ခံရပြီးနောက် အိမ်နီးချင်းနိုင်ငံများ နယ်စပ် အားဖြည့်
DVB
·
January 4, 2026
ဗင်နီဇွဲလား တိုက်ခိုက်ခံရပြီးနောက် အိမ်နီးချင်းနိုင်ငံများ နယ်စပ် အားဖြည့်
Donate to DVB

အမေရိကန်က အိမ်နီးချင်း ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကာရာကတ်စ်နဲ့ တခြားဒေသတွေကို တိုက်ခိုက်ပြီး နာရီပိုင်းအကြာ ဇန်နဝါရီ ၃ ရက်မှာ ဗင်နီဇွဲလားနယ်စပ်မှာ ကိုလံဘီယာစစ်သားတွေ ကင်းလှည့်နေပါတယ်။

အမေရိကန်ရဲ့ လုပ်ရပ်ကို ကိုလံဘီယာသမ္မတ ဂူစတာဗို ပေထရိုက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အမေရိကန်နိုင်ငံများအဖွဲ့ (OAS) တို့ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။

ကူကူတာမြို့မှာ ပေါင်းစည်းကွပ်ကဲရေးစခန်း (UCP) ကို အသက်သွင်းထားပြီး နယ်စပ်မှာ စစ်ဆင်ရေးအစီအစဉ် ရှိနေပြီလို့လည်း ပြောခဲ့ပါတယ်။

အမေရိကန်က ဗင်နီဇွဲလားအပေါ် စစ်ရေးအရ အရေးယူအပြီး ဘရာဇီးနိုင်ငံ ရိုရိုင်းမာပြည်နယ်မှာ လက်နက်ကိုင် တပ်ဖွဲ့ဝင် ၂,၃၀၀ နဲ့ အမေဇုန်ဒေသတလျှောက်မှာ တပ်ဖွဲ့ဝင်အင်အား ၁၀,၀၀၀ ရှိတယ်လို့ ဘရာဇီး ကာကွယ်ရေးဝန်ကြီး ဟိုဆေးမူစီယိုက ဇန်နဝါရီ ၃ ရက်မှာ ပြောပါတယ်။

ဘရာဇီးဟာ နယ်စပ်မှာ စစ်တပ် တည်ရှိမှုကို အားဖြည့်ထားပြီး လုံခြုံရေး သေချာစေဖို့ အဆက်မပြတ် ဆက်သွယ်ရေးကို ထိန်းသိမ်းထားတယ်လို့မူစီယိုက အလေးပေး ပြောပါတယ်။

ဒေသတွင်း အကျပ်အတည်းရှိနေပေမဲ့ ဘရာဇီး-ဗင်နီဇွဲလားနယ်စပ်ကိုတော့ ဖွင့်ထားဆဲလို့ဆို ပါတယ်။

ဘရာဇီးသမ္မတ လူလာဒါဆီလ်ဗာက အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူဆောင်ရွက်ချက်ကို လက်မခံနိုင်တဲ့ စည်းကျော်မှုအဖြစ် ပြစ်တင်ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂကနေ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ ဆော်ဩခဲ့ပါတယ်။

ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ်မာဒူရိုဟာ "မူးယစ်နိုင်ငံ" ကို ဦးဆောင်နေပြီး အတိုက်အခံတွေက သူတို့ အပြတ်အသတ် အနိုင်ရခဲ့တယ်လို့ ပြောခဲ့တဲ့ ၂၀၂၄ ရွေးကောက်ပွဲကို လိမ်လည်လှည့်ဖြားနေတယ်လို့ အမေရိကန်က တိုက်ခိုက်မလုပ်ခင် စွပ်စွဲခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့ တွေက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို ရာထူးကနေ ဖယ်ပြီးတဲ့နောက် အခြေအနေကို ဆွေးနွေးဖို့ အရေးပေါ် အစိုးရအဖွဲ့ အစည်းအဝေးတရပ် ခေါ်ယူ ကျင်းပနေတယ်လို့  အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

ဘတ်စ်ကားမောင်းသူဘဝကနေ  ဗင်နီဇွဲလားခေါင်းဆောင်ဖြစ်လာတဲ့ အသက် ၆၃ နှစ်အရွယ်  မာဒူရိုကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အမေရိကန် အစိုးရဟာ ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကို ထိန်းချုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

၂၀၁၃ ခုနှစ်မှာ  ကွယ်လွန်သွားတဲ့ ဟူဂိုချာဗက်ဇ်က သူ့နေရာကိုဆက်ခံဖို့ မာဒူရိုကို ရွေးချယ်ခဲ့တာပါ။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013