DVB Logo
Home
နိုင်ငံတကာ
ပူတင်၏နေအိမ်ကို ယူကရိန်းက တိုက်ခိုက်ရန်ကြိုးပမ်းသည့် အထောက်အထားလွှဲပေးမည်ဟု ရုရှား ပြော
DVB
·
January 2, 2026
ပူတင်၏နေအိမ်ကို ယူကရိန်းက တိုက်ခိုက်ရန်ကြိုးပမ်းသည့် အထောက်အထားလွှဲပေးမည်ဟု ရုရှား ပြော
Donate to DVB

ရုရှားဟာ အခုတပတ် အစောပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ ယူကရိန်းဒရုန်းတစင်းက ဖိုင်တခုကို ထုတ်ယူပြီး ကုဒ်ဖြည်ခဲ့ရာမှာ ဒရုန်းဟာ ရုရှားသမ္မတနေအိမ်ကို ပစ်မှတ်ထားနေကြောင်း ပြသထားပြီး သက်ဆိုင်ရာ အချက်အလက်တွေကို အမေရိကန်ဆီ လွှဲပြောင်းပေးမယ်လို့ ဇန်နဝါရီ ၁ ရက်မှာ ပြောပါတယ်။

တယ်လီဂရမ်မှာ မနေ့ကတင်ထားတဲ့ ဗီဒီယိုတခုမှာ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး အီဂေါ ကော့စ်တ်ယူကော့ဗ်က “ဒီတိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ ဒရုန်းအပျက်အစီးတွေကို ရှာတွေ့ထားပြီး ရုရှားထောက်လှမ်းရေးအေဂျင်စီတွေက ကျွမ်းကျင်သူတွေက ဒရုန်းတွေရဲ့ လမ်းညွှန်ထိန်းချုပ်ကိရိယာတွေမှ မမ်မိုရီထဲမှာ ပါဝင်နေတာတွေကို ကုဒ်ဖြည်ကြည့်ရာမှာ တိုက်ခိုက်မှုရဲ့ပစ်မှတ်မှာ နော့ဗ်ဂရော့ဒ်ဒေသရှိ ရုရှားသမ္မတရဲ့ နေအိမ်တည်ရှိရာ အဆောက်အအုံတွေ ဖြစ်နေတာကို ငြင်းမရနိုင်တဲ့ အထောက်အထားတွေ ဖြစ်နေတာကို အတည်ပြုပြီးပြီ” လို့ ပြောဆိုပါတယ်။

ရုရှားဘက်က ပညာရှင်တွေ ပြင်ဆင်ထားတဲ့ ထိန်းချုပ်ကိရိယာနဲ့ သူ့ဖော်ပြချက်ကို  မျှဝေပေးချင်ပြီး ဒါဟာ မေးခွန်းအားလုံးကို ဖြေရှင်းပေးမှာဖြစ်ပြီးတော့ အမှန်တရားကို ဖော်ထုတ်ရာမှာ အထောက်အကူ ပြုလိမ့်မယ်လို့ ဗိုလ်ချုပ်ကြီး အီဂေါ ကော့စ်တ်ယူကော့ဗ်က ပြောပါတယ်။

ရုရှားနိုင်ငံမြောက်ပိုင်း နော့ဗ်ဂရော့ဒ်ဒေသရှိ သမ္မတ ဗလာဒီမာပူတင်ရဲ့ နေအိမ်ကို အဝေးပစ်ဒရုန်း ၉၁ စင်းနဲ့ တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ တနင်္လာနေ့မှာ မော်စကိုက ကိယက်ဗ်ကို စွပ်စွဲခဲ့တာပါ။

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ အမေရိကန်နဲ့ လက်ရှိဆွေးနွေးမှုတွေမှာ ရုရှားက သူ့ရဲ့ ညှိနှိုင်းမှု ရပ်တည်ချက်ကို ပြန်သုံးသပ်ဦးမယ်လို့လည်းဆိုပါတယ်။

ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကတော့ တိုက်ခိုက်ဖို့ကြိုးပမ်းမှုဆိုတဲ့ ရုရှားရဲ့ စွပ်စွဲချက်အပေါ် အငြင်းပွားခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့က Wall Street Journal သတင်းစာမှာတော့ အမေရိကန် အမျိုးသားလုံခြုံရေး အရာရှိတွေဟာ ယူကရိန်းက ပူတင် သို့မဟုတ် သူ့နေအိမ် တခုခုကို ဒရုန်းတိုက်ခိုက်မှုမှာ ပစ်မှတ်ထားတယ် ဆိုတာကို မတွေ့ရှိရကြောင်း ပြောကြတယ်လို့ ဖော်ပြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ရုရှားရဲ့စွပ်စွဲချက်အပေါ် စာနာကြောင်း ကနဦး ဖော်ပြခဲ့ပြီး ဒီစွပ်စွဲထားတဲ့ဖြစ်ရပ်ကို ပူတင်က အသိပေးခဲ့ကြောင်းနဲ့ သူ အလွန်ဒေါသထွက်ကြောင်း တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ ထရမ့်ပ်ဟာ သံသယ ပိုဝင်လာခဲ့ပြီး ယူကရိန်းမှာ ငြိမ်းချမ်းရေးကို ရုရှားက ပိတ်ဆို့နေတယ်လို့ စွပ်စွဲထားတဲ့ နယူးယော့ခ်ပို့စ် သတင်းစာရဲ့ အယ်ဒီတာ့အာဘော်ကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

ယူကရိန်းက ဒီလိုတိုက်ခိုက်မှုကို လုပ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး ဒီစွပ်စွဲချက်ဟာ ကိယက်ဗ်နဲ့ ဝါရှင်တန်အကြား သပ်လျှိုဖို့ ရည်ရွယ်တဲ့ ရုရှားရဲ့ မဟုတ်မမှန် သတင်းအချက်အလက်ဖြန့်ဝေမှု လှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအဖြစ် ဖော်ပြခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013