DVB Logo
Home
မြန်မာသတင်း
NLD ပါတီက ထုတ်ပယ်ခံရသည့် စိုင်းဆေဟန် လင်းခေး ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရ
DVB
·
December 30, 2025
NLD ပါတီက ထုတ်ပယ်ခံရသည့် စိုင်းဆေဟန် လင်းခေး ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရ
Donate to DVB

အာဏာသိမ်း စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို့ NLD ပါတီကနေ ထုတ်ပယ်ခံရတဲ့ စိုင်းဆေဟန်ဟာ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရရှိခဲ့တယ်လို့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ / SNDP) ကနေ သိရပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ်ကနေ ကျားဖြူပါတီကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ စိုင်းဆေဟန်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်ထွန်းကို ကျော်ပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ / SNDP) မှ တာဝန်ရှိသူတယောက်က “မန္တလေးက မြို့ ၂ မြို့နဲ့ ရှမ်းပြည်က တမြို့ကို ကျနော်တို့ အနိုင်ရထားပါတယ်။ မန္တလေးကတော့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် ၂ မြို့နယ်မှာ အနိုင်ရထားတာပါ။ တတိုင်း‌လုံး ပေါင်းဦးမှာပေါ့။ တတိုင်းလုံးနိုင်မှ တက်မှာ။ လင်းခေးမြို့ကတော့ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရတာပါ” လို့ ပြောပါတယ်။

မန္တလေးတိုင်းက ညောင်ဦးမြို့နဲ့ ချမ်းအေးသာဇံမြို့မှာ အနိုင်ရရှိထားပြီး တခြား တိုင်းနဲ့ပြည်နယ် တချို့မှာတော့ ရှုံးနိမ့်ထားပါတယ်။

အာဏာသိမ်းထားတဲ့ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာ၊ ပူးပေါင်းဆောင်ရွက်တာ လုပ်ဆောင်တဲ့ လင်းခေးမြို့နယ်က ပါတီဝင် စိုင်းဆေဟန် အပါအဝင် ၉ ယောက်ကို ပါတီဝင်အဖြစ်က ထပ်မံထုတ်ပယ်လိုက်ကြောင်း ဒီဇင်ဘာ ၂၈ ရက်မှာ NLD က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013