DVB Logo
Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ခါလီဒါ ဇီယာ ကွယ်လွန်
DVB
·
December 30, 2025
ဘင်္ဂလားဒေ့ရှ် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ခါလီဒါ ဇီယာ ကွယ်လွန်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ခါလီဒါ ဇီယာဟာ နာတာရှည် ဖျားနာမှုကြောင့် ကွယ်လွန်သွားပြီလို့ သူ့ရဲ့ အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီက ဒီဇင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။

အသက် ၈၀ အရွယ် ခါလီဒါဟာ အသည်းခြောက်ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဆီးချိုရောဂါ၊ ရင်ဘတ်နဲ့ နှလုံးပြဿနာတွေ ခံစားနေခဲ့ရတယ်လို့ သူ့ရဲ့ဆရာဝန်တွေက ပြောပါတယ်။

“ကျနော်တို့အကြိုက်ဆုံး ခေါင်းဆောင်က ကျနော်တို့နဲ့အတူ မရှိတော့ပါဘူး။ ဒီမနက် ၆ နာရီမှာ သူက ကျနော်တို့ကို ထားသွားခဲ့တယ်” လို့ ခါလီဒါ ဇီယာရဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။

ဆရာဝန်တွေက တနင်္လာနေ့ညမှာ ဇီယာရဲ့ အခြေအနေက အလွန်အရေးကြီးနေပြီလို့ ပြောခဲ့ပါတယ်။

သူ့ကို အသက်ကယ်ကိရိယာနဲ့ ကုသပေးခဲ့ပေမဲ့ သူ့အသက်အရွယ်နဲ့ ကျန်းမာရေး ချို့တဲ့မှုကြောင့် ကုသမှု အများကြီးကို တပြိုင်နက်တည်းပေးဖို့ မဖြစ်နိုင်ဘူးလို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။

ခါလီဒါ ဇီယာဟာ နှစ် ၂၀ အတွင်း ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲမှာ BNP ပါတီ အောင်ပွဲခံပြီးတဲ့နောက် ၁၉၉၁ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ပထမဆုံး အမျိုးသမီး အစိုးရခေါင်းဆောင် ဖြစ်လာခဲ့သူပါ။

၂၀၀၁ ခုနှစ်မှာ ဝန်ကြီးချုပ်ရာထူးကို ပြန်ရခဲ့ပြီး ၂၀၀၆ ခုနှစ် အောက်တိုဘာလမှာ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

သူ့ရဲ့ နိုင်ငံရေးဘဝဟာ အဂတိလိုက်စားမှု စွပ်စွဲချက်တွေ၊ ပြီးခဲ့တဲ့နှစ်က ဝန်ကြီးချုပ်ရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ အဝါမီလိဂ် ခေါင်းဆောင် ရှိတ်ခ် ဟာစီနာနဲ့ ရေရှည်နိုင်ငံရေးပြိုင်ဆိုင်မှုတွေကြောင့် ထိခိုက်ခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ ကွယ်လွန်သူ သမ္မတ ဇီယာရာမန်ရဲ့ ဇနီးဖြစ်သူ ခါလီဒါ ဇီယာဟာ  အဂတိလိုက်စားမှုနဲ့ ၂၀၁၈ ခုနှစ်မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013