DVB Logo
Home
မြန်မာသတင်း
သရက်ထောင်အရာရှိများ ရိုက်နှက်မှုကြောင့် နှစ်ရှည်အကျဥ်းသား ၁ ဦး သေဆုံး
DVB
·
December 28, 2025
သရက်ထောင်အရာရှိများ ရိုက်နှက်မှုကြောင့် နှစ်ရှည်အကျဥ်းသား ၁ ဦး သေဆုံး
Donate to DVB

သရက်ထောင်မှာ နှစ်ရှည်ပြစ်ဒဏ် ချခံထားရတဲ့ အကျဥ်းသားတယောက် ဒီဇင်ဘာ ၂၆ ရက်က ထောင်အရာရှိ ၃ ယောက်ရဲ့ ရိုက်နှက်တဲ့ဒဏ်နဲ့ သေဆုံးသွားတယ်လို့ အဲဒီထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ဆီက သိရပါတယ်။

သေဆုံးသူမှာ မူးယစ်အမှုနဲ့ ပြစ်ဒဏ်ကျနေတဲ့ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် ကိုရေခဲ ဖြစ်ပြီး အင်းစိန်ထောင်ကနေ ပြောင်းရွှေ့လာသူလို့ ဆိုပါတယ်။

ထောင်ပိုင်လေး ရွှေမင်းမောင်၊ တပွင့်ဗိုလ် ကျော်ဇေယျာစိုး၊ တပ်ကြပ် ဝင်းမြင့်သိန်း တို့က ဒီဇင်ဘာ ၂၆ ရက်မှာ မူးယစ်ဆေးကိစ္စနဲ့ ပတ်သက်လို့ စစ်ဆေးမေးမြန်းဖို့ဆိုပြီး အချုပ်ခန်းကနေ ခေါ်ထုတ်ကာ ဝိုင်းပြီး ရိုက်နှက်ခဲ့ကြတာလို့ သရက်ထောင်သတင်းရင်းမြစ်က ဆိုပါတယ်။

အဲဒီလိုရိုက်နှက်ခဲ့လို့ နံရိုးက အသည်းစိုက်ကာ သေဆုံးရတာဖြစ်ပေမဲ့ ကျောက်ကပ်ရောဂါနဲ့ သေဆုံးရတာလို့ အထက်ကို လိမ်လည်သတင်းပို့ပြီး ဖြစ်စဥ်ကို ဖုံးဖိထားတယ်လို့ သူကပြောပါတယ်။

“ကိုရေခဲက ကျန်းမာရေးကောင်းတယ်။ ရောဂါဖြစ်တာလည်း မရှိဘူး။ ဒါကို ကျောက်ကပ်ပျက်စီးလို့ ဖြစ်တာ၊ သူတို့တောင် ကျောက်ကပ်ဆေးပေးရသေးတယ်လို့ လိမ်ပြီး အစီရင်ခံစာတင်ထားတယ်။”

အဲဒီရိုက်နှက်တဲ့အထဲပါတဲ့ ထောင်ပိုင်လေး ရွှေမင်းမောင်ဟာ စစ်တပ်က မိုးကျရွှေကိုယ်ဖြစ်ပြီး သရက်ထောင်ကို ရောက်လာတာ မကြာသေးဘဲ နိုင်ငံရေးအကျဥ်းသားတွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတတ်သူတယောက် ဖြစ်တယ်လို့ ထောင်အတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ကျော်ဇေယျာစိုးမှာ အကျဥ်းသားတွေကို အနိုင်ကျင့် နှိပ်စက်တတ်လို့ သရက်ထောင်မှာ နာမည်ဆိုးနဲ့ ကျော်ကြားသလို ထောင်အတွင်း မူးယစ်ဆေး ဖြန့်ဖြူးရောင်းသူတွေဆီက အကျိုးအမြတ်ရယူနေသူဖြစ်ပြီး မကြာခဏ တိုင်ကြားခံရလို့ စစ်ဆေးမေးမြန်းခံရတာပဲရှိပြီး အရေးယူခံရတာ မရှိဘူးလို့ သရက်ထောင်သတင်းရင်းမြစ်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013