DVB Logo
Home
မြန်မာသတင်း
သရက်ထောင်၌ မူးယစ်ဆေးရောင်းမှုဖြင့် ထောင်အရာရှိကို စုံစမ်းစစ်ဆေးနေ
DVB
·
March 18, 2024
သရက်ထောင်၌ မူးယစ်ဆေးရောင်းမှုဖြင့် ထောင်အရာရှိကို စုံစမ်းစစ်ဆေးနေ
Donate to DVB

မကွေးတိုင်း၊ သရက်အကျဥ်းထောင်မှာ ထောင်အရာရှိတဦးက ဦးဆောင်ပြီး မူးယစ်ဆေး ရောင်းချနေတာနဲ့ပတ်သက်လို့ ထောင်အတွင်း စုံစမ်းစစ်ဆေးနေတယ်လို့ သရက်ထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သရက်အကျဥ်းထောင်က တပွင့်နဲ့ထောင်အရာရှိ ကျော်ဇေယျာစိုးက မူးယစ်ဆေးသွင်းကာ ထောင်သားတွေကို ဖြန့်ရောင်းနေတယ်ဆိုတဲ့ သတင်းတွေ အပြင်ကိုပေါက်ကြားပြီးတဲ့နောက် အကျဥ်းဦးစီးဌာနနဲ့ သက်ဆိုင်ရာအဖွဲ့တွေက စုံစမ်းစစ်ဆေးတာလို့ ဆိုပါတယ်။

သရက်ထောင်နဲ့နီးစပ်သူတဦးက “နာမည်ထွက်နေတဲ့ ကျော်ဇေယျာစိုးကိုရော တခြား သက်ဆိုင်သူတွေကိုပါ စစ်ဆေးနေတာ။ အခြေအနေ ဘယ်လိုလာမလဲ မသိသေးဘူး”လို့ ပြောပါတယ်။

အဲဒီလို တပွင့်နဲ့ ထောင်အရာရှိက မူးယစ်ဆေးသွင်းကာ ဖြန့်ဝေရောင်းချနေတာကို  ထောင်ပိုင်တွေက သိလျက်နဲ့ ခွင့်ပြုပေးနေတာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

အဲဒီလို မူးယစ်ဆေးဖြန့်နေတာကြောင့် ထောင်အတွင်း နိုင်ငံရေးအကျဥ်းသားတချို့ မူးယစ်ဆေးစွဲသွားတာတွေ ရှိတယ်လို့လည်း ထောင်နဲ့နီးစပ်သူက ပြောပါတယ်။

သရက်အကျဥ်းထောင်က ထောင်အရာရှိ ကျော်ဇေယျာစိုးဟာ နိုင်ငံရေးအကျဥ်းသားတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်ဖူးတာတွေရှိပြီး ထောင်သားတွေကြားထဲမှာ သတင်းဆိုးနဲ့ ကျော်ကြားသူ ဖြစ်တယ်လို့ အဲဒီထောင်ကနေ လွတ်မြောက်လာသူတချို့က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ထောင်အရာရှိ ကျော်ဇေယျာစိုးနဲ့ သရက်ထောင် အာဏာပိုင်တွေဘက်ကိုတော့  ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013