DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ညမထွက်ရအမိန့်ရုပ်သိမ်းသော်လည်း ပြည်သူအများစု မထွက်ရဲသေး
DVB
·
December 27, 2025
ရန်ကုန်တွင် ညမထွက်ရအမိန့်ရုပ်သိမ်းသော်လည်း ပြည်သူအများစု မထွက်ရဲသေး
Donate to DVB

ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့်ကို ဒီဇင်ဘာ ၂၇ မနက်ကစလို့ ရုပ်သိမ်းကြောင်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းအစိုးရက အမိန့်ထုတ်ပြန်လိုက်ပေမဲ့ ပြည် သူအများစုကတော့ ညပိုင်းသွား၊ လာဖို့ ယုံကြည်မှုမရှိဘူးလို့  မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီ ရန်ကုန်တိုင်းအစိုးရက ကိုကိုးကျွန်းမြို့နယ်မပါကျန် ၄၄ မြို့နယ်ကို လုံခြုံရေး အကြောင်းပြပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ နဲ့ မနက် ၁ နာရီကနေ မနက် ၃ နာရီ အချိန် အတွင်း ညမထွက်ရ အမိန့်ထုတ်ထားတာကို ရုပ်သိမ်းတယ်ဆိုပြီး ဒီဇင်ဘာ ၂၆ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

စစ်အုပ်စုက လုပ်မဲ့ရွေးကောက်ပွဲလုပ်ငန်းစဥ်တွေကြောင့် ညမထွက်ရအမိန့် ရုပ်သိမ်းတာဖြစ်ပြီး အချိန်လွန်သွား၊ လာသူတွေကို စောင့်ဖမ်းတာတွေရှိတဲ့အတွက် မယုံရဘူးလို့ ရန်ကုန်မြို့ခံ ပြည်သူ တွေက ဆိုပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်သူတယောက်က "သူတို့ဘာသာ အမိန့်ထုတ်ထုတ် ၊ပိတ်ပိတ် သာမန်အရပ်သားတွေကတော့ ညဆိုအပြင်သိပ်မထွက်တော့ဘူး။ ပြည်သူတွေက သူတို့ကိုပဲ သတိထားပြီးအလိုလို ထိန်းနေတာ"လို့  ပြောပါတယ်။

စစ်ကောင်စီ ရန်ကုန်တိုင်းအစိုးရက နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက် ကောင်းမွန်လာပြီဖြစ်လို့ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်တွေ တိုးတက် ဆောင်ရွက်နိုင်ရေး၊ အများပြည်သူတွေသွားလာမှု အဆင်ပြေချောမွေ့စေရေးနဲ့ လုပ်ငန်းတွေပိုမို ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်ပြီးထုတ်ပြန်ထားတဲ့အမိန့်ကို ရုပ်သိမ်းလိုက်တာလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်အနေနဲ့ လူစည်ကားမှုပြလိုတဲ့ နှစ်သစ်ကူးလိုပွဲတော်နေ့တွေမှာ အခုလို ညမထွက်ရအမိန့်ကို ရုပ်သိမ်းပေးတဲ့ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013