DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းတွင် ခရစ္စမတ်ပွဲပြုလုပ်ပြီး စစ်ပွဲအဆုံးသတ်ရေး မျှော်လင့်
DVB
·
December 26, 2025
ယူကရိန်းတွင် ခရစ္စမတ်ပွဲပြုလုပ်ပြီး စစ်ပွဲအဆုံးသတ်ရေး မျှော်လင့်
Donate to DVB

ရုရှားရဲ့ ကျူးကျော်စစ်ဆင်နွှဲတာ ခံနေရတဲ့ ယူကရိန်းနိုင်ငံမှာ ခရစ္စမတ်ပွဲပြုလုပ်ခဲ့ပြီး စစ်ပွဲအဆုံးသတ်ရေး မျှော်လင့်ခဲ့ကြပါတယ်။

ကိဗ်မြို့လယ်ကို လူ ၁,၀၀၀ ဝန်းကျင်လောက် ရိုးရာအတိုင်း ခရစ္စမတ်ကြယ်တွေ သယ်ဆောင်ကာ ချီတက်ခဲ့ပြီး ခရစ္စမတ်ကာရိုးသီချင်းကို သီဆိုခဲ့ကြပါတယ်။

ကြယ်တွေဟာ ခရစ္စမတ်ရဲ့ သင်္ကေတဖြစ်ပြီး ဒီလိုသယ်ဆောင်တာကို ဆိုဗီယက်ခေတ်တုန်းက ဖိနှိပ်ခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။

၁၀ စုနှစ်များစွာ ပျောက်ဆုံးခဲ့တဲ့ ဒီရိုးရာအစဉ်အလာကို ပြန်လည်ဖော်ထုတ်ဖို့ ဆန္ဒရှိတယ်လို့လည်း ပါဝင်သူတွေက ပြောပါတယ်။

ဒီပွဲမှာ ပါဝင်ဆင်နွှဲသူအချို့ကတော့ ကြယ်တွေမှာ ကျဆုံးခဲ့တဲ့ ယူကရိန်းစစ်သားတွေရဲ့ နာမည်တွေကို ရေးထိုးခဲ့ကြပါတယ်။

အများစုက ယူကရိန်းနိုင်ငံရဲ့ ခရစ္စမတ်ပွဲမှာ စစ်ပွဲအဆုံးသတ်ဖို့ မျှော်လင့်တယ်လို့လည်း ပြောခဲ့ကြပါတယ်။

ယူကရိန်းဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားရဲ့ ကျူးကျော်စစ် ခံခဲ့ရတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီး ဥရောပမှာ အကြီးဆုံးစစ်ပွဲနဲ့ ရင်ဆိုင်နေရတာပါ။

အမေရိကန်နိုင်ငံရေး သိပ္ပံပညာရှင် နီတာခရောဖို့ဒ်ရဲ့ ခန့်မှန်းချက်အရ ယူကရိန်း-ရုရှားစစ်ပွဲမှာ သေဆုံးသူ ၃၂၃,၀၀၀ ရှိကြောင်း သိရပါတယ်။

ဒါဟာ တလကို လူပေါင်း ၇,၆၉၀ သေဆုံးနေတာဖြစ်ပြီး ဂါဇာစစ်ပွဲမှာ တလကို လူပေါင်း ၂,၈၂၆ ယောက် သေဆုံးတာနဲ့ ၂၀၀၁-၂၁ အထိ အာဖဂန်စစ်ပွဲမှာ သေဆုံးခဲ့တဲ့ ၇၇၂ ယောက်ဆိုတဲ့ အချက်အလက်တွေထက်တောင် ပိုများနေတာ ဖြစ်ပါတယ်။

ဂါဇာမှာ သေဆုံးသူ ၈၀ ရာခိုင်နှုန်းဟာ ပြည်သူတွေဖြစ်ပြီး အာဖဂန်မှာတော့ ပြည်သူ ၂၆ ရာခိုင်နှုန်း ရှိကာ ယူကရိန်းစစ်ပွဲမှာတော့ ပြည်သူတွေ သေဆုံးမှု ၄  ရာခိုင်နှုန်း ရှိပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013