DVB Logo
Home
နိုင်ငံတကာ
ဂါဇာ၌ မိုးသည်းထန်မှုကြောင့် အဆောက်အအုံပြိုကျပြီး လူသေပျောက်
DVB
·
December 13, 2025
ဂါဇာ၌ မိုးသည်းထန်မှုကြောင့် အဆောက်အအုံပြိုကျပြီး လူသေပျောက်
Donate to DVB

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဘိတ်လာဟိယာမြို့မှာ အရပ်ဘက်ကာကွယ်ရေးအဖွဲ့ဝင်တွေ ဟာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျသွားတဲ့ နေအိမ်နေရာမှာ အသက်ရှင် ကျန်နေ နိုင်သေးသူတွေကို ကယ်ဆယ်နိုင်ဖို့ ဒီဇင်ဘာ ၁၂ ရက်မှာ  ရှာဖွေနေကြပါတယ်။

အိမ်နီးချင်းတွေဟာ ပေါက်ကွဲသံ ကြားလိုက်ရပြီးနောက် နိုးထလာချိန်မှာတော့ ပြင်းထန်တဲ့ရာသီဥတုကြောင့် အိမ်ဟာ အပျက်အစီးတွေကြားမှာရှိနေတာကို တွေ့ရှိခဲ့ရကြောင်း ပြောပါတယ်။ 

ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးတွေအောက်မှ လူတွေကို ဆွဲထုတ်ဖို့ လုပ်ဆောင် နေဆဲဖြစ်ပေမဲ့ ပစ္စည်းကိရိယာတွေ မလုံလောက်မှုကြောင့် လုပ်ငန်းဆောင်တာတွေ နှေးကွေး သွားခဲ့ရကြောင်း အရပ်ဘက်ကာကွယ်ရေးအရာရှိ မိုဟာမက် ရှာရီရ်က ပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရာနဲ့ချီတဲ့ အိုးမဲ့အိမ်မဲ့ ဂါဇာနေပြည်သူတွေ ရေကြီးရေလျှံမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့အစည်း (IOM) က သောကြာနေ့မှာ ပြောကြားခဲ့ပြီး ခိုလှုံရာနေရာတွေအတွက် ပစ္စည်းတွေ၊ သဲအိတ်တွေကိုလည်း အဲဒီနယ်မြေအတွင်းကို ဝင်ရောက်ခွင့်မပြုထားဘူးလို့လည်း ဆိုပါတယ်။ 

ဒီဇင်ဘာ ၁၁ ရက်က ဂါဇာကမ်းမြောင်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂ နှစ်ကြာ စစ်ဘေးဒဏ်သင့် အိုးအိမ်မဲ့ မိသားစုတွေ နေထိုင်ရာတဲတွေကို ရေလွှမ်းမိုးခဲ့ပြီး စိုစွတ်တဲ့ အအေးဒဏ်ကြောင့် မိန်းကလေးငယ်တယောက် သေဆုံးခဲ့ ကြောင်း ဒေသခံကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ 

မုန်တိုင်းကြောင့် စုစုပေါင်း လူ ၁၂  ယောက်သေဆုံး၊ ပျောက်ဆုံးနေပြီး အနည်းဆုံး အဆောက်အအုံ ၁၃ လုံး ပြိုကျကာ တဲပေါင်း  ၂၇,၀၀၀ ရေလွှမ်းမိုးခံခဲ့ရကြောင်း ဟားမတ်စ်ဦးဆောင်တဲ့ ဂါဇာအစိုးရရဲ့ မီဒီယာရုံးက ပြောပါတယ်။ 

အိုးမဲ့အိမ်မဲ့ ၇၉၅,၀၀၀ နီးပါးဟာ မိသားစုတွေ နေထိုင်ဖို့အတွက် မလုံခြုံတဲ့ ခိုလှုံရာနေရာတွေမှာ နေထိုင်နေကြရပြီး အုတ်ကျိုးအုတ်ပဲ့တွေပြည့်နှက်နေတဲ့ မြေနိမ့်ပိုင်းနေရာတွေမှာ ရေကြီးရေလျှံမှု အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်ခြေလည်း များတယ်လို့ ဆိုပါတယ်။  

ရေနုတ်မြောင်းနဲ့ အညစ်အကြေး စီမံခန့်ခွဲမှု မလုံလောက်ခြင်းကြောင့်လည်း ရောဂါဖြစ်ပွားမှု အန္တရာယ်ကို မြင့်တက်စေကြောင်း ကုလသမဂ္ဂအေဂျင်စီက ထပ်လောင်းပြောပါတယ်။

ကျွန်းသစ်သားနဲ့ သုံးထပ်သားတို့လို ခိုလှုံနေထိုင်မှုကို အထောက်အကူဖြစ်စေမဲ့ ပစ္စည်းတွေအပြင် ရေကြီးရေလျှံမှုကို အထောက်အကူပြုနိုင်တဲ့ သဲအိတ်တွေနဲ့ ရေစုပ်စက်တွေကို ကန့်သတ်ချက် တွေကြောင့် ဂါဇာကို ဝင်ရောက်ခွင့် နှောင့်နှေးခဲ့ရကြောင်း IOM က ပြောပါတယ်။ 

အစ္စရေးကတော့ သူ့တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းနေကြောင်း ပြောကြားခဲ့ပြီး ဟားမာ့စ်တွေရဲ့ ခိုးယူမှုကို မတားဆီးနိုင်ခြင်းနဲ့ ထိရောက်မှုမရှိခြင်းတွေအတွက် အေဂျင်စီတွေကို စွပ်စွဲထားပါတယ်။

ဟားမတ်စ်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ အစ္စရေးစစ်တပ် လက်အောက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေကို ကြီးကြပ်တဲ့ (COGAT) အဖွဲ့ကို မှတ်ချက်ပေးဖို့ ချက်ချင်းဆက်သွယ်လို့ မရပါဘူး။

Photo: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013