DVB Logo
Home
အားကစား
ကစားသမားဘဝမှ အနားယူခဲ့ရသည့် အကြောင်းရင်းကို ဂါရတ်ဘေးလ် ထုတ်ဖော်ပြော
DVB
·
December 10, 2025
ကစားသမားဘဝမှ အနားယူခဲ့ရသည့် အကြောင်းရင်းကို ဂါရတ်ဘေးလ် ထုတ်ဖော်ပြော
Donate to DVB

ကစားသမားဘဝကနေ စောစီးစွာ အနားယူခဲ့တဲ့ အကြောင်းအရင်းကို ဝေးလ်တောင်ပံကစားသမား ဂါရတ်ဘေးလ်က ထုတ်ဖော်ပြောသွားပါတယ်။

လက်ရှိအချိန်မှာ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဘေးလ်ဟာ ၂၀၂၂ ခုနှစ် သူ့အသက် ၃၂ နှစ်ကတည်းက အနားယူခဲ့သူပါ။

ဘေးလ်ဟာ အမေရိကန် မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အသင်းမှာ နောက်ဆုံးကစားခဲ့ပြီး ကစားသမားဘဝကို ဆောက်သမ်တန်အသင်းနဲ့ စတင်ခဲ့သူပါ။

မိမိဟာ ငယ်စဉ်ကတည်းက ဘောလုံးကစားခွင့်ရဖို့ အိပ်မက်မက်ခဲ့သူဖြစ်ပေမဲ့ ဘဝမှာ ဘောလုံးထက် အရေးကြီးတာတွေကို သိရှိလာတာကြောင့် ကစားသမားဘဝကနေ အနားယူခဲ့ရတာဖြစ်ပြီး မိမိဖခင်ရဲ့ ကျန်းမာရေးက အဓိကကျတဲ့အချက်ဖြစ်ကြောင်း ဘေးလ်က ပြောပါတယ်။

မိမိရဲ့အဖေဟာ မိမိကို ဘောလုံးသမားဖြစ်လာဖို့ အစစအရာရာ လုပ်ဆောင်ပေးခဲ့သူဖြစ်ပြီး မိဘတွေရဲ့ အားပေးကူညီမှု မပါဘဲ အောင်မြင်တဲ့ ကစားသမားဘဝကို ရောက်လာမှာမဟုတ်ကြောင်းလည်း ဂါရတ်ဘေးလ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013