လေဗာကူဆင်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ဘော့စနီးယား တောင်ပံကစားသမားလေး ကီရင် အာလက်ဂျ်ဘီဂိုဗစ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်၊ အက်စတွန်ဗီလာနဲ့ လိဒ်စ်ယူနိုက်တက်တို့က စိတ်ဝင်စားနေကြပါတယ်။
လေဗာကူဆင်ဟာ သူ့ကို ပြီးခဲ့တဲ့နှစ်က ဆာလ်ဇ်ဘာဂ်ဆီ ရောင်းချခဲ့ပေမဲ့ ခြေစွမ်းပြသနိုင်ခဲ့လို့ အခုနွေရာသီမှာ ပေါင် ၇ သန်းနဲ့ ပြန်လည်ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အာလက်ဂျ်ဘီဂိုဗစ်ရဲ့ အလားအလာကြောင့် အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ် ကလပ်တွေနဲ့ စီးရီးအေကလပ် နာပိုလီ၊ ရိုးမား၊ အင်တာမီလန်တို့က ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပေါင် ၁၈ သန်းဝန်းကျင်အထိ ပေးချေ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြပါတယ်။
လတ်တလောမှာတော့ အာလက်ဂျ်ဘီဂိုဗစ်ဟာ ဘော့စနီးယားအသင်းနဲ့အတူ ကမ္ဘာ့ဖလား အုပ်စု (C) မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
တဆက်တည်းမှာပဲ အာဆင်နယ်အသင်းရဲ့ အသက် ၁၉ နှစ်အရွယ် နောက်ခံလူ ဂျော့ရှ်နီကိုးလ်စ်ဟာ ခရိုအေးရှားကလပ်တခုဆီ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။










