DVB Logo
Home
မြန်မာသတင်း
စကုမြို့တွင် စစ်တပ်စစ်ကြောင်းက အရပ်သား ၂ ဦးအားပစ်သတ်ပြီး ၂ ဦးကို ဖမ်းဆီး
DVB
·
December 9, 2025
စကုမြို့တွင် စစ်တပ်စစ်ကြောင်းက အရပ်သား ၂ ဦးအားပစ်သတ်ပြီး ၂ ဦးကို ဖမ်းဆီး
Donate to DVB

မကွေးတိုင်း မင်းဘူးမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သား ၂ ယောက်အား သတ်ဖြတ်ပြီး ၂ ယောက်ကို ဖမ်းဆီးသွားတယ်လို့ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်ကစပြီး စကုမြို့အနောက်ပိုင်း ခံကုန်းရွာကနေ ရွှေစက်တော်ဘုရားကို အင်အား ၁၂၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၄ ရက်မှာ ရွှေကြောင်းရွာက အသက် ၄၀ နှစ်အရွယ် အမျိုးသားတယောက်ကို သေနတ်နဲ့ ပစ်သတ်သွားပြီး အသက် ၂၀ အရွယ် လူငယ်တယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းရဲ့ တာဝန်ရှိတယောက်က “အဲဒီစစ်ကြောင်းကတော့ အခုရွှေစက်တော် ဘုရားကို ရောက်သွားပြီ။ အဲဒီကနေ မကွေးဘက်ကိုပြန်သွားပြီလို့ သိထားရတယ်။ ဖမ်းဆီးခံရသူတွေ အခုအချိန်ထိတော့ ပြန်မလွတ်သေးဘူးဗျ။ သတ်ခံရသူတွေ အမည်ကိုတော့ မိသားစုလုံခြုံရေးအရ ထုတ်ဖော်ပြောဆိုလို့မရပါဘူး” လို့ DVB ကို ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက်မှာလည်း ကူရွာကို စစ်ကြောင်းထိုးဝင်လာပြီး အသက် ၅၀ အရွယ် အမျိုးသားတယောက်ကို ပစ်သတ်ခဲ့တဲ့အပြင် ၃၅ နှစ်အရွယ် အမျိုးသားတယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေဟာ ကုတင်ကုန်းရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိတာကြောင့် ကုတင်ကုန်းရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၆ ရက်မှာတော့ အဲဒီစစ်ကြောင်းဟာ လက်ပတောရဲစခန်းကို ဝင်ရောက်လာချိန် တော်လှန်ရေးတပ်တွေဘက်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီရဲ့ အမှတ် ၂၅၃၊ ၂၅၄ နဲ့ ၂၅၅ ခြေလျင်တပ်ရင်းတွေဟာ စကုမြို့အနီးကို ထပ်ပြီးရောက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013