
ဆွီဒင်နိုင်ငံတောင်ပိုင်းမှာ မေ ၂၀ ရက်ကကျင်းပတဲ့ အခမ်းအနားတခုမှာ ဆွီဒင်နိုင်ငံက ယူကရိန်း နိုင်ငံကို ကော့ဆက်လူမျိုးစု အလံဟောင်းရဲ့ ပုံတူကို လက်ဆောင်ပေးပြီး အားပေး ထောက်ခံ ကြောင်း ပြသခဲ့ပါတယ်။
ဟယ်လ်ဆင်ဘော့ဂ်မြို့မှာ ကျင်းပမဲ့ NATO နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီယာ စီဘီဟာ က ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ မာလ်မာ စတီနာဂါ့ဒ်နဲ့အတူ သူ့ဇာတိမြို့ ခရစ္စတီယန်စတက်ဒ်မှာ ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ချိန် မှာ အလံပေးအပ်ခဲ့တာပါ။
၁၆၅၅ ခုနှစ်မှာ ဆွီဒင်ဘုရင် ချားလ်စ် X ဂူစတက်ဗ်ရဲ့ စစ်ဆင်ရေးအတွင်း ဆွီဒင်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး အဲဒီအချိန်ကစလို့ ဆွီဒင်နိုင်ငံမှာ ထိန်းသိမ်းစောင့်ရှောက် ထားတဲ့ သည်ကော့ဆက် ခေါင်းဆောင် ဘော်ဒန်ခမယ်လ်နစ်စကီပိုင်တဲ့အလံရဲ့ မကြာသေးမီက လုပ်ထားတဲ့ ပုံတူအလံကို ဆွီဒင်စစ်တပ်ပြတိုက်က ပေးအပ်ခဲ့ပါတယ်။
ဒီအလံကို ၁၆၄၉ ခုနှစ်ကနေ ၁၆၅၁ ခုနှစ်အတွင်း ဖန်တီးခဲ့တယ်လို့ ယူဆထားပါတယ်။ ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးဟာ ၂ ရက်ကြာ ကျင်းပမဲ့ NATO နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မေ ၂၁ ရက် မွန်းလွဲပိုင်းမှာစပြီ ကျင်းပမှာဖြစ်ပြီး ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်မှာ ဖြစ်ပါတယ်။
Source:Reuters










