DVB Logo
Home
မြန်မာသတင်း
အသံတိတ်သပိတ်နေ့၌ လူစည်ကားအောင်ပြုလုပ်ရန်နှင့် လုံခြုံရေးတိုးမြှင့်ရန် စစ်ကောင်စီ ညွှန်ကြား
DVB
·
December 8, 2025
အသံတိတ်သပိတ်နေ့၌ လူစည်ကားအောင်ပြုလုပ်ရန်နှင့် လုံခြုံရေးတိုးမြှင့်ရန် စစ်ကောင်စီ ညွှန်ကြား
Donate to DVB

အသံတိတ်သပိတ် (Silent Strike) ပြုလုပ်မဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ လမ်းမတွေမှာ လူစည်ကားအောင် ပြုလုပ်ဖို့နဲ့ လုံခြုံရေးတိုးမြှင့်ဖို့ နယ်လုံအစည်းအဝေးကနေ ညွှန်ကြားထားကြောင်း သိရပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ၅ ကြိမ်မြောက်ပြုလုပ်မဲ့ အသံတိတ်သပိတ် (Silent Strike) ကို လာမဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုတွေက နှိုးဆော်နေသလို စစ်ကောင်စီကလည်း အဲဒီနေ့မှာပဲ ပုံမှန် လူစည်ကားနေကျနေရာတွေဖြစ်တဲ့ ဆူးလေ၊ လှည်းတန်းလို နေရာတွေမှာ လူသွားလူလာ များပြားနေသယောင် ဖန်တီးဖို့နဲ့ လုံခြုံရေးတင်းကျပ်ဖို့ ညွှန်ကြားထားကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းနဲ့ ကိုနန်းလင်းတို့ မန္တလေးမှာ ဆန္ဒထုတ်ဖော်မှုအပြီး ဒီဇင်ဘာ ၄ ရက်နေ့မှာ နယ်လုံအစည်းအဝေးခေါ်ကာ အရေးပေါ်မှာကြားခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူက “ပျူစောထီးတွေ ပြည်သူ့စစ်အဖွဲ့ဝင်တွေ နောက် လွှတ်တော်ကိုယ်စားလှယ်တွေ အဲဒီလိုလူတွေ အကုန်လုံးကို လူစည်တဲ့နေရာတွေမှာ သူတို့လူတွေနဲ့ ဖြတ်လျှောက်သဘောမျိုးပေါ့၊ မသွားသွားအောင် လူတွေများနေတဲ့ပုံစံမျိုး သူတို့ လုပ်ခိုင်းတယ်။ နောက် တံတားတွေ အထပ်မြင့်နေရာတွေ ဓာတ်ပုံရိုက်လို့ရတဲ့ နေရာမျိုးတွေမှာ အရပ်ဝတ်တွေနဲ့ စောင့်ခိုင်းတာတွေ ရှိတယ်။ ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်တာတို့၊ ဓာတ်ပုံရိုက်နေရင် အစစ်အဆေး အမေးအမြန်းမရှိဘဲ ဖုန်းတွေ ပုံတွေ သိမ်းပြီးတော့ ဖမ်းဆီးစစ်ဆေးခွင့် သူတို့ပေးတယ်။ လုပ်ခိုင်းထားတယ်။ အဲဒီ အသံတိတ်သပိတ် လုပ်တဲ့နေ့ကိုပဲ ရုံးတွင်းညွှန်ကြားချက် ဆိုပြီးတော့ အဲဒီနေ့မှာ အကုန်လုံး ရုံးတက်ရမယ်” လို့ ပြောပါတယ်။

လာမဲ့ ဒီဇင်ဘာ ၁၀ ရက်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်ပြီး အဲဒီနေ့မှာပဲ မနက် ၁၀ နာရီကနေ နေ့လယ် ၃ နာရီထိ အပြင်မထွက် အသံတိတ်သပိတ်ကို ပြုလုပ်သွားမှာဖြစ်ကြောင်း သပိတ်အင်အားစုအသီးသီးက စည်းရှုံးလှုံ့ဆော်နေကြပါတယ်။

အသံတိတ်သပိတ်ကို ဦးဆောင်သူတွေထဲက တယောက်ဖြစ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု - AJAY က ကိုနန်းလင်းကတော့ လူထုအနေနဲ့ ဒီတခေါက် အသံတိတ်သပိတ်က အရင်ကသပိတ်တွေထက် ပိုအရေးကြီးတာဖြစ်လို့ လုံခြုံရေးကို အထူးဂရုစိုက်ကာ မဖြစ်မနေ ပါဝင်ဖို့ တိုက်တွန်းပါတယ်။

“သူတို့က ပိုပြီး ဖိနှိပ်လေလေ လူထုက ပိုပြီး ပါဝင်လေလ။ လူထုက သူတို့ရဲ့ပုန်ကန်မှုနဲ့ ညီညွတ်မှုကို ပြလေလေဆိုတာ ရှေ့ Silent Strike တွေမှာ ပြသနိုင်ခဲ့ပါတယ်။ ဒီတခေါက် Silent Strike အသံတိတ်သပိတ်သည် ရှေ့အကြိမ်တွေထက် ပိုပြီးတော့ အရေးကြီးတယ်၊ အရေးပါတယ်လို့ ကျနော်တို့ ပြောလိုပါတယ်။ ကျနော်တို့ ရှေ့ဆက် ဆောင်ရွက်မယ့် နိုင်ငံရေးလုပ်ငန်းစဉ်၊ တော်လှန်ရေးလုပ်ငန်းစဉ်တွေထဲ အများကြီး အရေးပါတယ်။ ဒါ့အပြင် စစ်အုပ်စုရဲ့ အရှိုက်ကို အကြီးအကျယ် ထိုးနှက်နိုင်မဲ့ လှုပ်ရှားမှု ဖြစ်တယ်လို့ ကျနော်ပြောချင်တယ်။ ဒါ့ကြောင့် မိဘပြည်သူလူထုတရပ်လုံးက လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အသိ သတိ ဉာဏ်နဲ့ယှဉ်ပြီးတော့ ဒီလှုပ်ရှားမှုမှာ ပါဝင်ကြပါ၊ ပြည်သူအချင်းချင်း ဖေးဖကြပါ၊ ပြည်သူအချင်းချင်း ကူညီကြပါ၊ လူထုရဲ့ ညီညွတ်မှုကို လူထုရဲ့အင်အားကို ပြသကြပါလို့ အလေးအနက် မေတ္တာရပ်ခံပါတယ်၊ တိုက်တွန်းလိုပါတယ်။”

လာမဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်မဲ့ အသံတိတ်သပိတ် (Silent Strike) ရဲ့ ရည်ရွယ်တောင်းဆိုချက် ၃ ချက်ကတော့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတကြီးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချွတ်ယွင်းချက်မရှိ လွှတ်ပေးဖို့၊ စစ်အာဏာရှင် အသက်ဆက်ရှင်ဖို့ လူငယ်တွေရဲ့ အသက်တွေကို ချနင်းနေတဲ့ အဓမ္မစစ်မှုထမ်းဥပဒေကို ရုပ်သိမ်းပယ်ဖျက်ဖို့နဲ့ စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲဟာ လူထုဆန္ဒသဘောထား မပါဝင်ကြောင်းနဲ့ ကန့်ကွက်ဆန့်ကျင်ကြောင်း ပြသဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

ဝေဝေ

(ဓာတ်ပုံ -၂၀၂၄ ခု ဖေဖော်ဝါရီ ၁ ရက်က ပုသိမ်မြို့ အသံတိတ်သပိတ်မြင်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013