DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် နိုဝင်ဘာလအတွင်း ပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
December 8, 2025
ရန်ကုန်တွင် နိုဝင်ဘာလအတွင်း ပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

ရန်ကုန်မြို့မှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်သူ အယောက် ၁၀၀ ကျော် ဖမ်းဆီးခံရပြီး စစ်မှုထမ်းသင်တန်းကျောင်း ပို့ခံရသူတွေလည်း ရှိနေတယ်လို့ Rangoon Scout Network အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၁၁၄ ယောက်အထိ ရှိနေပြီး ၄၃ ယောက်ကို ငွေကြေးတောင်းခံကာ ပြန်လွှတ်တာရှိသလို အယောက် ၂၀ ကို စစ်မှုထမ်းသင်တန်းကျောင်းနဲ့ အကျဥ်းထောင်ကိုပို့ပြီး ၅၁ ယောက်ကတော့ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲ အဆက်အသွယ် ပြတ်တောက်သွားတယ်လို့ သိရပါတယ်။

Rangoon Scout Network ရဲ့ တာဝန်ရှိသူတယောက်က “စစ်သားစုဆောင်းဖို့ လမ်းပေါ် ပေါ်တာဆွဲတာတွေ၊ အိမ်ထိ စာရင်းနဲ့ ဝင်ဆွဲတာတွေ၊ လိမ်လည်ခေါ်ယူပြီး ဖမ်းတာတွေ စသဖြင့် နည်းမျိုးစုံနဲ့ လုပ်နေကြတယ်ဗျ။ မူးယစ်ဆေးကျွေးပြီး ဖမ်းတာလည်း ရှိတယ်။ နိုဝင်ဘာလထဲမှာဆို ပြည့်တန်ဆာနဲ့မျှားပြီး ဆွဲတာတွေပါ ဖြစ်လာပါတယ်။ စစ်တပ်၊ ရဲတွေ ကိုယ်တိုင် လိုက်ဆွဲတာအပြင် ပျူတွေ၊ အုပ်ကြီးတွေ၊ မှောင်ခိုဂိုဏ်းတွေပါ လှုပ်ရှားနေကြတယ်” လို့ ​ပြောပါတယ်။

သတင်းအတိအကျနဲ့ ရှာဖွေ၊ စောင့်ဆိုင်း ဖမ်းခံရသူ ၂၇ ယောက်၊ လမ်းမပေါ်သွားလာနေချိန် ဖမ်းခံရသူ အယောက် ၂၀၊ လမ်းဘေးထိုင်နေချိန် ဖမ်းခံရသူ ၁၁ ယောက်၊ လမ်းခရီးသွားလာချိန် ရှောင်တခင် စစ်ဆေးခံရသူ ၁၀ ယောက်၊ ဧည့်စာရင်းစစ်ချိန် ဖမ်းခံရသူ ၃၄ ယောက်၊ အလုပ်ရှိတယ်ပြောပြီး လိမ်လည်ဖမ်းခံရသူ ၄ ယောက်၊ ပြည့်တန်ဆာနဲ့မျှားပြီး ဖမ်းခံရသူ ၄ ယောက်၊ ဆန္ဒပြချိန် ဖမ်းခံရသူ တယောက်၊ ဖမ်းဆီးခံရတဲ့ပုံစံ အတိအကျမသိရသူ ၃ ယောက်တို့ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်တပ်နဲ့ ရဲက လူဆွဲတာအပြင် ပျူစောထီး၊ အုပ်ကြီး၊ မှောင်ခိုဂိုဏ်းတွေကပါ လူဆွဲပြီး စစ်တပ်ကို ရောင်းစားတာ၊ ပိုက်ဆံတတ်နိုင်သူကို ငွေကြေးနဲ့ ပြန်ရွေးခိုင်းတာတွေ လုပ်နေတယ်လို့ ဆက်ပြောပါတယ်။

“ဘယ်နေ့ ကိုယ့်ဆီရောက်လာမလဲ ဆိုတာကို လူငယ်တွေ နေ့တိုင်း စိုးရိမ်နေကြရပါတယ်။ အိမ်မှာနေချိန်ဆို လာခေါ်တာခံရမှာလား၊ အပြင်သွားလို့ လူပြတ်ချိန်ဆို ဆွဲတာခံရမလား စသဖြင့် ထိတ်လန့်နေကြရပါတယ်။ တခြား အဝေးတနေရာ ရှောင်သွားကြတဲ့သူတွေလည်း ရှိပေမဲ့ စားဝတ်နေရေး အဆင်မပြေသူများတော့ ကိုယ့်နေရာမှာပဲ အရဲစွန့်ပြီး နေနေကြရတာပါပဲဗျ။”

ဒါ့အပြင် မူးယစ်ဆေးဝါးမှု၊ ညစ်ညမ်းစကားပြောမှု၊ လောင်းကစားမှု၊ ရဲယောင်ဆောင်မှု၊ ပို့ကုန်ရငွေ မအပ်မှုတွေနဲ့ ဖမ်းခံရသူတွေလည်း ရှိသလို လူပျောက်တာတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013