DVB Logo
Home
အားကစား
ပွဲထွက်ခွင့်မရသည့်အပေါ်  တုံ့ပြန်ခဲ့သည့် မိုဆာလာအပေါ်  မိုက်ကယ်အိုဝင် မေးခွန်းထုတ်
DVB
·
December 8, 2025
ပွဲထွက်ခွင့်မရသည့်အပေါ်  တုံ့ပြန်ခဲ့သည့် မိုဆာလာအပေါ်  မိုက်ကယ်အိုဝင် မေးခွန်းထုတ်
Donate to DVB

ပွဲထွက်ခွင့်မရတဲ့အပေါ် တုံ့ပြန်ခဲ့တဲ့ မိုဆာလာအပေါ် လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင် က မေးခွန်းထုတ်သွားပါတယ်။

ဆာလာဟာ အသင်းနဲ့အတူ ၃ ပွဲဆက်တိုက် ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့တဲ့နောက် အလွန်စိတ်ပျက်မိကြောင်း ပြောခဲ့ပြီး အသင်းမှာရှိတဲ့ တစုံတယောက်က သူ့ကို အလိုမရှိတာ ဖြစ်နိုင်ကြောင်းနဲ့ အသင်းကနေ ထွက်ခွာနိုင်ကြောင်း လူသိရှင်ကြား ပြောသွားခဲ့တာပါ။

အဲဒီပြောဆိုချက်အပေါ် အိုဝင်က မေးခွန်းထုတ်ခဲ့ပြီး ဆာလာရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ပေမဲ့ အသင်းလိုက်စုစည်းမှု ရဖို့အတွက် လူသိရှင်ကြား ပြောဆိုမှုတွေ မလုပ်ဆောင်သင့်ကြောင်း အိုဝင်က ပြောပါတယ်။

ပြီးတော့ ဆာလာဟာ အာဖရိကဖလားပွဲ သွားဖို့အတွက် တပတ်သာလိုတော့တာဖြစ်ပြီး ကိုယ့်ပေါင်ကို ပြန်ပြီး လှန်မထောင်းသင့်ကြောင်း အိုဝင်က ပြောပါတယ်။

လီဗာပူးအနေနဲ့ ဆာလာရဲ့ ပြောဆိုချက်တွေအပေါ် စည်းကမ်းပိုင်းဆိုင်ရာအရ ပွဲပယ်ပြစ်ဒဏ်နဲ့ အရေးယူဖို့လည်း ချိန်ဆနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013