DVB Logo
Home
အားကစား
သရေရလဒ်ကို စိတ်ပျက်၊ ပွဲထွက်ကစားခွင့်မရသည့်အပေါ် မယုံကြည်နိုင်ဟု မိုဆာလာ ပြော
DVB
·
December 7, 2025
သရေရလဒ်ကို စိတ်ပျက်၊ ပွဲထွက်ကစားခွင့်မရသည့်အပေါ် မယုံကြည်နိုင်ဟု မိုဆာလာ ပြော
Donate to DVB

လိဒ်ယူနိုက်တက်နဲ့ သရေကျတဲ့ပွဲမှာ ပွဲထွက်ကစားခွင့်မရတဲ့အပေါ် မယုံကြည်နိုင်အောင် ဖြစ်မိတယ်လို့ လီဗာပူးတိုက်စစ် ကစားသမား မိုဆာလာက ပြောသွားပါတယ်။

ဆာလာဟာ လိဒ်ယူနိုက်တက်နဲ့ ၃ ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရသလို လူစားဝင်ကစားခွင့်လည်း မရရှိခဲ့သူပါ။

လူစားဝင်ကစားခွင့်တောင် မရခဲ့တာက ဘယ်လိုပြောရမှန်းမသိဘဲ ရယ်စရာကောင်းသလို မယုံကြည်နိုင်စရာလည်း ကောင်းကြောင်း၊ အရန်ခုံထိုင်ရတာ ၃ ပွဲဆက်ရှိနေပြီး မိမိကစားသမားဘဝတလျှောက် တခါမှ မရှိခဲ့ဖူးကြောင်းလည်း ဆာလာက ပြောပါတယ်။

သရေရလဒ်က စိတ်ပျက်စရာကောင်းပြီး အသင်းခံစစ်က အရင်ပွဲတွေလိုပဲ လွယ်ကူတဲ့ဂိုးတွေ ခွင့်ပြုနေရဆဲဖြစ်ကြောင်းလည်း ဆာလာက ပြောပါတယ်။

အသင်းနည်းပြနဲ့ ဆက်ဆံရေးကောင်းမွန်နေပေမဲ့ ပွဲထွက်ခွင့်မရတာကို နားမလည်ကြောင်းနဲ့ တစုံတယောက်က မိမိအသင်းမှာ ရှိနေတာကို မလိုလားတာလို့ ဆာလာက ပြောသွားပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013