DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ်ဆန့်ကျင်ရေး ဂါဇာမျိုးနွယ်စုဝင် ခေါင်းဆောင် အသတ်ခံရ
DVB
·
December 6, 2025
ဟားမတ်စ်ဆန့်ကျင်ရေး ဂါဇာမျိုးနွယ်စုဝင် ခေါင်းဆောင် အသတ်ခံရ
Donate to DVB

ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်ကိုဆန့်ကျင်တဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင် ယာဆာအဘူရှာဘာ့ဘ် သေဆုံးကြောင်း ဒီဇင်ဘာ ၄ ရက်မှာ အစ္စရေးမီဒီယာတွေက ထုတ်ပြန်ပါတယ်။ 

ဒီဖြစ်ရပ်ဟာ အစ္စလာမ္မစ်လှုပ်ရှားမှုကို ဆန့်ကျင်တဲ့ ဂါဇာမျိုးနွယ်စုတွေကို ထောက်ပံ့ကူညီမဲ့ အစ္စရေးရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် ထိုးနှက်ချက်တခု ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ 

ဂါဇာတောင်ပိုင်းရှိ အစ္စရေးထိန်းချုပ်-ရာဖာဒေသမှာ အခြေစိုက်တဲ့ ဘယ်ဒူဝင် လူမျိုးစုခေါင်းဆောင် ယာဆာ အဘူရှာဘာ့ဘ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က စတင်ခဲ့တဲ့ စစ်ပွဲအတွင်း ဂါဇာမှာပေါ်ပေါက်လာတဲ့ ဟားမတ်စ် ဆန့်ကျင်ရေး အဖွဲ့ငယ် အများအပြားထဲမှ အထင်ရှားဆုံးဖြစ်တဲ့ Popular Forces တပ်ဖွဲ့ကို ဦးဆောင်ခဲ့သူပါ။

သူ့ရဲ့သေဆုံးမှုဟာ ဟားမတ်စ်အဖွဲ့အတွက် အားတက်စရာဖြစ်ပြီး ဟားမတ်စ်ဟာ အဘူရှာဘာ့ဘ်ကို ပူးပေါင်းဆောင်ရွက်သူအဖြစ် တံဆိပ်ကပ်ထားပြီးတော့ သူ့ကို သတ်ဖို့ ဒါမှမဟုတ် ဖမ်းဆီးဖို့ တိုက်ခိုက်ရေးသမားတွေကို အမိန့်ပေးထားတာပါ။

ဟားမတ်စ်က စစ်ပွဲအတွင်းမှာ ကုလသမဂ္ဂ အကူအညီပေးရေး ကုန်တင်ကားတွေကို လုယက်တယ်လို့ အဘူရှာဘာ့ဘ်ကို စွပ်စွဲထားတာဖြစ်ပြီး အဘူရှာဘတ်ရဲ့အဖွဲ့ကလည်း ဒါကို ငြင်းဆိုပြီး သူတို့ဟာ အကူအညီတွေကို ကာကွယ်ပေးပြီး လိုက်ပါပို့ဆောင်ပေးခဲ့တာလို့ ပြောပါတယ်။

လက်ရှိမှာ အဘူရှာဘာ့ဘ်ရဲ့ သေဆုံးမှုအခြေအနေနဲ့ပတ်သက်ပြီး သူ့အဖွဲ့ဖြစ်တဲ့ Popular Forces ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ချက်ချင်းသတင်းထုတ်ပြန်ခြင်း မရှိပါဘူး။  

ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုဟာ အစ္စရေးနိုင်ငံက ဟားမတ်စ်ကိုဆန့်ကျင်တဲ့ အဖွဲ့ငယ်တွေကို လက်နက် တပ်ဆင်ပေးခဲ့တယ်လို့ ဇွန်လမှာ ဝန်ခံပြောဆိုထားပေမဲ့ အဲ့ဒီအချိန်ကတည်းက အစ္စရေးဟာ မူဝါဒ အသေးစိတ်ကို အနည်းငယ်သာ ကြေညာခဲ့ပါတယ်။

အောက်တိုဘာလမှာ ဟားမတ်စ်နဲ့ အစ္စရေးတို့အကြား အမေရိကန် ကြားဝင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးကတည်းက အဘူရှာဘာ့ဘ်ရဲ့အဖွဲ့ဟာ အစ္စရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဂါဇာဒေသတွေမှ ဆက်လက်လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးထိန်းချုပ်ထားတဲ့ ဂါဇာဒေသတွေမှာ ဟားမတ်စ်ဆန့်ကျင်ရေးအဖွဲ့တွေ အများအပြား ပေါ်ပေါက်လာပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ ဂါဇာအစီအစဉ်မှာ ဟားမတ်စ်လက်နက် ဖျက်သိမ်းရေးနဲ့ နိုင်ငံစုံတည်ငြိမ်ရေးတပ်ဖွဲ့ရဲ့ အထောက်အပံ့နဲ့ အသွင်ကူးပြောင်းရေးအာဏာပိုင်အဖွဲ့က နယ်မြေအုပ်ချုပ်မှုကို ကြိုတင်မှန်းဆထားပါတယ်။

ဒါပေမဲ့ ဟားမတ်စ်က လက်နက်ဖျက်သိမ်းဖို့ ငြင်းဆန်နေဆဲဖြစ်ပြီး နိုင်ငံတကာ တပ်ဖွဲ့ဖွဲ့စည်းရေးဆိုင်ရာ သဘောတူညီချက်လက္ခဏာလည်း မရှိတာကြောင့် တိုးတက်မှု နှေးကွေးနေတာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013