DVB Logo
Home
နိုင်ငံတကာ
“USA မှာ ဘာသာတရား ပြန်ထွန်းကားပြီ” ဟု သမ္မတထရမ့်ပ် ပြော 
DVB
·
December 5, 2025
“USA မှာ ဘာသာတရား ပြန်ထွန်းကားပြီ” ဟု သမ္မတထရမ့်ပ် ပြော 
Donate to DVB

အမေရိကန်ပြည်ထောင်စု (USA) မှာ ဘာသာတရား ပြန်ထွန်းကားပြီလို့  သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြွေးကြော်လိုက်ပါတယ်။

ရာစုနှစ်ချီ သက်တမ်းရှိတဲ့ နိုင်ငံလုံးဆိုင်ရာ ခရစ္စမတ်သစ်ပင် မီးထွန်းညှိပွဲကို ဒီဇင်ဘာ ၄ ရက်က သမ္မတနဲ့ ဇနီးသည်တို့ ဦးဆောင်ကျင်းပခဲ့တာပါ။

၃၅ ပေအမြင့်ရှိတဲ့ ဒီထင်းရှူးပင်ကိုတော့ ဗာဂျီးနီးယားပြည်နယ်၊ ဂျော့ချ်ဝါရှင်တန်နဲ့ ဂျက်ဖာဆင် အမျိုးသားသစ်တောကနေ သယ်ဆောင်လာတာ ဖြစ်ပါတယ်။

အခမ်းအနားမှာ သမ္မတကတော် မယ်လာနီယာထရမ့်ပ်က မီးခလုတ်ကိုနှိပ်ပြီး ခရစ္စမတ်သစ်ပင်ကို ထွန်းညှိပေးခဲ့ပါတယ်။

သမ္မတထရမ့်ပ်ကတော့ ရှင်ယောဟန် ခရစ်ဝင်ကျမ်းကို ကိုးကားပြီး ဒီပွဲရဲ့ ဘာသာရေးအနှစ်သာရကို အလေးပေး ပြောကြားခဲ့ပါတယ်။

ဒီခရစ္စမတ်သစ်ပင်ကို ဇန်နဝါရီ ၁ ရက်အထိ အများပြည်သူ လာရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး နေ့စဉ် ညနေပိုင်းကနေ ည ၁၀ နာရီ၊ ၁၁ နာရီဝန်းကျင်အထိ မီးထွန်းညှိထားမယ်လို့လည်း သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013