DVB Logo
Home
နိုင်ငံတကာ
အကြမ်းဖက်မှုမှ ထွက်ပြေးလာသည့် ဆူဒန်ဒုက္ခသည်များ အကူအညီ အနည်းငယ်သာရ
DVB
·
December 2, 2025
အကြမ်းဖက်မှုမှ ထွက်ပြေးလာသည့် ဆူဒန်ဒုက္ခသည်များ အကူအညီ အနည်းငယ်သာရ
Donate to DVB

ဆူဒန်နဲ့ ချဒ် ၂ နိုင်ငံနယ်စပ်မြို့ဆီ ရောက်လာတဲ့ ဒုက္ခသည်မိသားစုတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီ နည်းနည်းသာ ရနေကြပါတယ်။

လူအများစုအတွက် အစားအစာရင်းမြစ်ဟာ တခြားဒုက္ခသည်တွေဆီက အလှူတွေကနေ ရတာဖြစ်ပြီး တချို့က မကြာသေးမီက ဒီနေရာကို ရောက်လာသူတွေဖြစ်ပြီး တချို့က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဆူဒန်နိုင်ငံမှာ ပဋိပက္ခဖြစ်ချိန်တည်းက ရောက်နေသူတွေပါ။

နယ်စပ်မှာ ရွေ့လျားဆေးခန်းတခုနဲ့ စခန်းထဲမှာတော့ တပတ် ၃ ရက် ဖွင့်ထားတဲ့ ပြင်ပလူနာဌာနအငယ်တခုရှိပြီး နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) အပါအဝင် မြို့တွင်းမှာ NGO အနည်းငယ်သာ ရှိနေပါတယ်။

စခန်းထဲမှာ MSF က တွေ့ခဲ့ရတဲ့ ကလေး ၄ ယောက်မှာ တယောက်လောက်က အာဟာရချို့တဲ့နေပြီး အယ်လ်ဖာရှီးမြို့ကနေ ထွက်ပြေးလာတဲ့ မိသားစုတွေ ရောက်လာချိန်မှာ အခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ MSF ရဲ့ အရေးပေါ်သူနာပြု ဂျော့ရှ်ဆင်းမ်က ပြောပါတယ်။

နိုဝင်ဘာ ၂၉ ရက်မှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဟာ အာဟာရချို့တဲ့မှုကို ကာကွယ်ဖို့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေနဲ့ အသက် ၂ နှစ်အောက် ကလေးတွေအတွက် အစားအစာ ဖြန့်ဖြူးမှုကို အကန့်အသတ်နဲ့ ပြန်စခဲ့ပါတယ်။

ဒါပေမဲ့ ဒုက္ခသည်တွေကို ပိုလုံခြုံတဲ့နေရာတွေဆီ ရွှေ့ဖို့ အားပေးတဲ့အနေနဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာကယ်ဆယ်ရေး အေဂျင်စီဟာ အရင်းအမြစ် အများစုကို နယ်စပ်ကနေ ဝေးလံတဲ့ တခြားစခန်းတွေဆီ ရွှေ့ပြောင်းခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောခဲ့ပါတယ်။

“ကျနော်တို့ (အယ်လ်ဖာရှီးမြို့ကနေ) အဝတ်တထည် ကိုယ်တခုနဲ့ ထွက်လာခဲ့ကြတာ။ ပိုက်ဆံမရှိဘူး၊ ဖိနပ်မရှိဘူး၊ စောင်မပါဘူး။ ကျနော်တို့မှာ ဘာမှမရှိဘူး” လို့ အယ်လ်ဖာရှီးမှာ ဆရာတယောက် ဖြစ်ခဲ့ဖူးပြီး ပြီးခဲ့တဲ့လက တိုက်ခိုက်မှုအတွင်း ထွက်ပြေးခဲ့တဲ့ အသက် ၄၉ နှစ်အရွယ် နာဝါလ် အဘူဘာကာ အဗ္ဗဒူလ် ဝါဟတ်က ပြောပါတယ်‌။

ချဒ်နိုင်ငံမှာ ဆူဒန်ဒုက္ခသည်အကျပ်အတည်းကို တုံ့ပြန်ဖို့ ခန့်မှန်းထားတဲ့ ဒေါ်လာ ၂၄၆ သန်းရဲ့ ၃၈ ရာခိုင်နှုန်းသာ ရှိတယ်လို့ UNHCR ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီ လျှော့ချမှုဟာ ရန်ပုံငွေကွာဟချက်ရဲ့ အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

၂၀၂၄ ခုနှစ်မှာ အမေရိကန်ရဲ့ ဒေါ်လာ ၆၈ ဒသမ ၄ သန်း လှူဒါန်းမှုဟာ UNHCR ရဲ့ စုစုပေါင်း ဘတ်ဂျက်ရဲ့ ၃၂ ရာခိုင်နှုန်း ရှိပါတယ်။

ဒီနှစ်မှာ အမေရိကန်ရဲ့ လှူဒါန်းမှုဟာ စုစုပေါင်းဘတ်ဂျက်ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ရှိပြီး ဒေါ်လာ ၃၅ ဒသမ ၆ သန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေ မြင့်တက်လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်တို့က မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို မတုံ့ပြန်ခဲ့ပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013