DVB Logo
Home
နိုင်ငံတကာ
ဟွန်ဒူးရပ်စ်ရွေးကောက်ပွဲ၌ သူသဘောကျသူ အနိုင်မရပါက အကူအညီဖြတ်မည်ဟု ထရမ့်ပ် ခြိမ်းခြောက် 
DVB
·
December 1, 2025
ဟွန်ဒူးရပ်စ်ရွေးကောက်ပွဲ၌ သူသဘောကျသူ အနိုင်မရပါက အကူအညီဖြတ်မည်ဟု ထရမ့်ပ် ခြိမ်းခြောက် 
Donate to DVB

နိုဝင်ဘာ ၃၀ ရက်က ကျင်းပခဲ့တဲ့ ဟွန်ဒူးရပ်စ် သမ္မတရွေးကောက်ပွဲမှာ သူသဘောကျတဲ့သူ အနိုင်မရဘူးဆိုရင် ဟွန်ဒူးရပ်စ်အပေါ် အမေရိကန်ရဲ့ ဘဏ္ဍာရေးအကူအညီတွေ ဖြတ်တောက်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ထားလိုက်ပါတယ်။

လက်ယာယိမ်း နေရှင်နယ်ပါတီက နက်ဆရီ “တီးတိုး” အက်စ်ဖူရာသာ အနိုင်ရရင် အမေရိကန်က ကောင်းကောင်းထောက်ပံ့ပေးသွားမယ်လို့ ထရမ့်ပ်က ကတိပေးထားပါတယ်။

အက်စ်ဖူရာသာ မနိုင်ရင် အမေရိကန်က မကောင်းတာကို ကောင်းတဲ့ပိုက်ဆံတွေ ပစ်ထည့်ပေးသွားမှာ မဟုတ်ဘဲ ခေါင်းဆောင်မှားရင် ဆိုးရွားတဲ့ရလဒ်တွေပဲ ထွက်လာနိုင်တယ်လို့ ထရမ့်ပ်က သူပိုင်တဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ အမေရိကန်ဟာ ဟွန်ဒူးရပ်စ်ကို ဒေါ်လာ ၁၉၃ သန်း ထောက်ပံ့ပေးခဲ့ပြီး ဒီနှစ်မှာ အကူအညီတွေ လျှော့ထားတာတောင် ဒေါ်လာ ၁၀၂ သန်း ပံ့ပိုးပေးထားပါတယ်။

သူနဲ့ အက်စ်ဖူရာဟာ မူးယစ်ကွန်မြူနစ်တွေကို တိုက်ခိုက်ဖို့ အတူလက်တွဲလုပ်သွားမှာ ဖြစ်တယ်လို့လည်း ထရမ့်ပ်က ဆိုပါတယ်။

ဒီရွေးကောက်ပွဲမှာ လက်ဝဲယိမ်း လီဘရီပါတီက ကာကွယ်ရေးဝန်ကြီးဟောင်း ရီဇီ မွန်ကာဒါ၊ ဗဟိုဝါဒီ လစ်ဘရယ်ပါတီက ရုပ်သံတင်ဆက်သူ ဆယ်လ်ဗေဒေါ နာဆာရဲလားနဲ့ ထရမ့်ပ် ထောက်ခံတဲ့ အက်စ်ဖူရာတို့ အဓိက အားပြိုင်နေကြတာပါ။

လက်ရှိသမ္မတ ရှီအိုမာရာ ကက်စထရိုကတော့ မွန်ကာဒါကို ထောက်ခံထားပြီး မွန်ကာဒါကတော့ ထရမ့်ပ်ရဲ့လုပ်ရပ်ကို ဝင်ရောက်စွက်ဖက်မှုအဖြစ် ပြစ်တင်ဝေဖန်ထားပါတယ်။

ထရမ့်ပ်က အက်စ်ဖူရာ အနိုင်ရဖို့ လိုလားနေပေမဲ့ နောက်ဆုံးကောက်ယူထားတဲ့ စစ်တမ်းတွေ အရတော့ နာဆာရဲလားက ထောက်ခံမှုအများဆုံး ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013