DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှားအစိုးရက ရေဘေးသင့်ပြည်သူများအတွက် အကူအညီများ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်
DVB
·
December 1, 2025
အင်ဒိုနီးရှားအစိုးရက ရေဘေးသင့်ပြည်သူများအတွက် အကူအညီများ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် ပြည်နယ် ၃ ခု ပျက်စီးခဲ့ရတဲ့ အနောက်ဆူမားတြားကျွန်းက လမ်းတွေပိတ်ဆို့နေလို့ ဝင်မရတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့ တွေဟာ လူတွေဆီ အကူအညီတွေ ပို့ပေးဖို့ နိုဝင်ဘာ ၃၀ ရက်က ရဟတ်ယာဉ်တွေကို သုံးခဲ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံအတွင်း ရေကြီး၊ မြေပြိုမှုတွေကြောင့် သေဆုံးသူဦးရေဟာ နိုဝင်ဘာ ၃၀ ရက်က ၃၃၆ ယောက် အထိရှိလာပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

မလက္ကာရေလက်ကြားမှာ ရှားရှားပါးပါး အပူပိုင်းမုန်တိုင်းတခု ဖြစ်ပေါ်လာပြီးတဲ့နောက် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ဟာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတာပါ။

တခြားဒေသတွေမှာ ကယ်ဆယ်ရေးအတွက် အလွန်အမင်းလိုအပ်လာလို့ လူတွေက ထောက်ပံ့ရေးတွေကို  လုယက်နေတယ်ဆိုတဲ့ သတင်းတွေထွက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ဒိုနီးရှားအနောက်ပိုင်းမှာ လူ ၁ ဒသမ ၁ သန်းနီးပါးနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ လူ ၃ သန်းနီးပါး အပါအဝင် ရေကြီးမှုကြောင့် လူပေါင်း ၄ သန်းကျော် ထိခိုက်ခံစားခဲ့ရတယ်လို့ တရားဝင်စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ (BNPB) ရဲ့ အကြီးအကဲ ဆူဟာယန်တိုက အဆိုးရွားဆုံးထိခိုက်ခံရတဲ့ ပြည်နယ် ၃ ခုမှာ ဖြန့်ကြက်ထားတဲ့ BNPB တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းအစည်းအဝေးတခုကို ဦးဆောင်ကျင်းပခဲ့ပြီး ထိခိုက်ခံရတဲ့ ဒေသတွေက ရာသီဥတု အခြေအနေတွေ တိုးတက်ကောင်းမွန်လာတာနဲ့အမျှ လုပ်ငန်းဆောင်တာတွေကို ပိုတိုးမြှင့်ရမယ်လို့ အလေးပေး ပြောခဲ့ပါတယ်။

အေဂျင်စီဟာ အရေးတကြီး လုပ်ငန်း ၃ ခုကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ သူက ထောက်ပြ ခဲ့ပါတယ်။

ဦးစားပေးလုပ်ငန်း ၃ ခုက ပျောက်ဆုံးနေဆဲသူတွေအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရေး၊ ဆက်သွယ်ရေး ပြတ်တောက်မှုတွေ ပြန်လည်ရရှိရေး၊ ထိခိုက်ခံရတဲ့ ဒေသခံတွေဆီ ထောက်ပံ့ပို့ ဆောင်ရေးပစ္စည်းတွေ အမြန်ပို့ဆောင်ပေးရေးတို့ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013