DVB Logo
Home
မြန်မာသတင်း
ပင်လောင်းတွင် အအေးဒဏ်ကြောင့် သက်ကြီးရွယ်အို စစ်ရှောင် ၆ ဦး သေဆုံး
DVB
·
November 30, 2025
ပင်လောင်းတွင် အအေးဒဏ်ကြောင့် သက်ကြီးရွယ်အို စစ်ရှောင် ၆ ဦး သေဆုံး
1 / 7
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ တောတောင်ထဲရှောင်နေရတဲ့ သက်ကြီးရွယ်အို စစ်ရှောင် ၆ ယောက် အအေးဒဏ်ကြောင့် သေဆုံးသွားတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

ဘောရန်စစ်ဘေးရှောင်စခန်းမှာ ၃ ယောက်၊ ဝါးလီ နဲ့ ပင်ခွန် စစ်ဘေးရှောင်စခန်းမှာ ၃ ယောက်၊ စုစုပေါင်း ၆ ယောက်၊ နိုဝင်ဘာလအတွင်း သေဆုံးသွားကြတာလို့ ဆိုပါတယ်။

စစ်ဘေးရှောင် ကူညီပေးနေသူတယောက်က “အခုနှစ်က အရမ်းအေးတယ်။ တလအတွင်းကိုပဲ စာရင်းရသလောက် အသက် ၆၀ အထက် သက်ကြီးရွယ်အို ၆ ယောက် ဆုံးသွားတယ်။ အဓိက စစ်ရှောင်တွေက မိုးကာနဲ့ပဲ နေရတယ်။ နေထိုင်တဲ့ တဲက မိုးကာလည်း လုံလုံခြုံခြုံမရှိတော့ အအေးမိပြီး လေဖြန်းသွားတယ်၊ လေဖြန်းပြီး တရက်နှစ်ရက်နဲ့ ဆုံးသွားတယ်” လို့ ပြောပါတယ်။

တောတောင်ထဲ တိမ်းရှောင်နေရတာကြောင့် ကျန်မာရေးစောင့်ရှောက်ခွင့်မရကြဘူးလို့ စစ်ဘေးရှောင် တယောက်က ပြောပါတယ်။ 

“ဆေးရုံ၊ ဆေးခန်းသွာရင် လမ်းတွေလည်း အဆင်မပြေဘူး။ ငွေရေးကြေးရေးအရလည်း အဆင်မပြေဘူး၊ အများစုက ဒီမှာပဲ ပြန်ပြီး ကုကြတယ်။ ဆေးဝါးက အစုံမရှိဘူး၊ တိုင်းရင်းဆေးနဲ့ပဲ ပြန်ကုကြတော့ ရောဂါကို အချိန်အကြာကြီးခံစားရတယ်။” 

ပင်လောင်းမြို့နယ်က စစ်ရှောင်စခန်း ၁၀ ခုကျော်မှာ လူဦးရေ ၁၀,၀၀၀ ကျော်ရှိပြီး တောတောင်ထဲနဲ့ ဝါးလီ၊ ပင်ခွန်၊ စင်းတောင်း၊ ဆောင်ခါ၊ ထိဗီ စစ်ရှောင်စခန်းတို့မှာ အများဆုံးနေထိုင်ကြတယ်လို့ ပြောပါတယ်။

စစ်ရှောင်တွေအတွက် စောင်၊ မိုးကာ၊ အနွေးထည်၊ စားနပ်ရိက္ခာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ၊ ဆေးဝါးစတဲ့ လူချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဒီရက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ အနိမ့်ဆုံး အပူချိန်ဟာ ၇ ဒီဂရီဆဲလ်စီးယပ်ဝန်းကျင်ရှိနေပြီး  နိုဝင်ဘာလလယ်ပိုင်းကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ စစ်ရှောင်နေရတဲ့ သက်ကြီးပိုင်း ၃ ယောက်ဟာ အအေးဒဏ်ကြောင့် သေဆုံးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013