DVB Logo
Home
မြန်မာသတင်း
တိုက်တိုင်းရှုံးနေသည့် နမခတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးကို အနားပေး
DVB
·
November 27, 2025
တိုက်တိုင်းရှုံးနေသည့် နမခတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးကို အနားပေး
Donate to DVB

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ဖြစ်တဲ့ တိုက်ပွဲတွေမှာ အမြဲတမ်း ရှုံးနိမ့်ခဲ့တဲ့အတွက် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်မျိုးမင်းထွေးကို တာဝန်ကနေ အနားပေးပြီး ဗိုလ်ချုပ်ကျော်သူရကို ခန့်အပ်လိုက်တယ်လို့ နေပြည်တော် သတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်ဆင်ရေးမှာ ရှုံးနိမ့်တာနဲ့ အဂတိလိုက်စားမှုတွေကြောင့် ဗိုလ်မှူးချုပ်မျိုးမင်းထွေးကို နိုဝင်ဘာ ၂၄ ရက်မှာ အနားပေးပြီး ဗိုလ်ချုပ်ကျော်သူရကို အသစ်ခန့်ထားလိုက်တာလို့ နေပြည်တော် သတင်းအရင်းအမြစ်က ပြောပါတယ်။

“စစ်ကိုင်းမှာ စစ်ကြောင်းတွေ ခံရတဲ့ကိစ္စတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေနဲ့ ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို စစ်ဆေးတာပေါ်လို့ ဖမ်းထားတယ်။ တပ်မ ၃၃ တပ်မမှူးလည်း ပါတယ်။ သူ့နေရာကို ဗိုလ်ချုပ်ကျော်သူရ ကို အစားထိုးလိုက်တယ်။ တိုင်းမှူးအသစ်တောင် နမခ မှာ ရုံးထိုင်နေပြီ” လို့ပြောပါတယ်။

အသစ်ပြောင်းရွှေ့လာတဲ့ နမခတိုင်းမှူးမှာ ကလောမြို့အခြေစိုက် စစ်ဦးစီးတက္ကသိုလ်က ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကျော်သူရ ဖြစ်ပြီး DSA အပတ်စဥ် ၃၉ က ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဗိုလ်မှူးချုပ်မျိုးမင်းထွေးမှာ ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်က ရမခအခြေစိုက် လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ် MNDAA အဖွဲ့က ဖမ်းဆီးခံရပြီး ပြန်လွတ်လာပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ စစ်ခေါင်းဆောင်က နမခတိုင်းမှူးအဖြစ် ခန့်ခဲ့တာပါ။

စစ်တပ် အာဏာသိမ်းပြီး မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းလဲခန့်ထားခဲ့တာ ၅ ယောက်အထိရှိပြီး ဗိုလ်မှူးချုပ်မျိုးမိုးအောင်၊ ဗိုလ်ချုပ်ဖြိုးသန့်၊ ဗိုလ်ချုပ်သန်းထိုက်၊ ဗိုလ်မှူးချုပ်မျိုးမင်းထွေးနဲ့ ဗိုလ်ချုပ်ကျော်သူရ တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013