DVB Logo
Home
မြန်မာသတင်း
ဘုတလင်စစ်ကြောင်းကိစ္စ နမခတိုင်းမှူးနှင့်အဖွဲ့ စစ်ဆေးခံရ
DVB
·
October 7, 2024
ဘုတလင်စစ်ကြောင်းကိစ္စ နမခတိုင်းမှူးနှင့်အဖွဲ့ စစ်ဆေးခံရ
Donate to DVB

အနောက်မြောက်တိုင်း စစ်ဌာနချုပ်နဲ့ မိုင် ၂၀ အကွာမှာ ဖြစ်ခဲ့တဲ့ ဘုတလင်းစစ်ကြောင်းဖြစ်စဥ်နဲ့ ပတ်သက်ပြီး နမခတိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်နဲ့ တိုင်းစစ်ဦးစီးချုပ်၊ စခန်းမှူးတို့ စစ်ဆေးခံနေရတယ်လို့ နခမတိုင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

နမခတိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာရှိတဲ့ မုံရွာခရိုင် ဘုတလင်မြို့မှာ စက်တင်ဘာ ၃၀ ရက်က ဒုတပ်ရင်းမှူး ဦးဆောင်တဲ့ စစ်ကြောင်းကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ခေါ်ယူစစ်ဆေးတာလို့ နမခတိုင်းနဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“၃ ရက်နေ့က တိုင်းမှူးရယ်၊ ဗိုလ်မှူးချုပ်ကျော်စွာဝင်းရယ်၊ ဗိုလ်မှူးကြီး ဇေယျာမင်းရယ်၊ စခန်းမှူးကို တိုင်းစစ်ဌာနချုပ်မှာစစ်တယ်။  တိုင်းမှူးနဲ့ စစ်ဦးစီးကို နေပြည်တော်မှာ စစ်တယ်။” 

စစ်ကူမပေးတာ၊ သတင်းထိမ်ချန်တာနဲ့ သတင်းပေါက်ကြားမှုတွေကြောင့် ဗိုလ်ချုပ်သန်းထိုက်တို့ကို ခေါ်ယူစစ်ဆေးတာဖြစ်ပြီး နမခတိုင်းအတွက် လူအစားထိုးဖို့ မရှိတဲ့အတွက် အရေးယူမှာမဟုတ်ဘူးလို့ အငြိမ်းစားအရာရှိတဦးက သုံးသပ်ပြောဆိုပါတယ်။

“နမခတိုင်းက အစဥ်အလာနဲ့ PDF တွေ ဝိုင်းဗျင်းတာ ဗိုလ်ချုပ်ဖြိုးသန့်တောင် ၁ နှစ်မခံဘူး။ အဲဒီအချိန်မှာ ကလေးမှာ စကခမှူး ဗိုလ်ချုပ်သန်းထိုက်က လက်စွမ်းပြနေတော့ သူ့ကို တိုင်းမှူးနေရာပေးလိုက်တာ၊ ခေါ်ပြီးဆူတာကလွဲလို့ မဖြုတ်ဘူး။ နမခအတွက် အစားထိုးဖို့ လူမရှိဘူး။” 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်အရ ဘုတလင်မြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်လို့ ၃၃ ဦး သေဆုံးပြီး ၄၃ ဦး လက်ရဖမ်းမိကာ လက်နက်၅၆ လက်ရရှိခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ခေါ်ယူစစ်ဆေးခံနေရတဲ့ ဗိုလ်ချုပ်သန်းထိုက်မှာ အရင်က ကလေးမြို့အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ တပ်မမှူးဖြစ်ပြီး  ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်မှာ ဗိုလ်ချုပ်အဆင့် ရာထူးတိုးမြှင့်ပြီး နမခတိုင်းမှူး ဖြစ်လာသူပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013