DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန် အရန်စစ်တပ်ဌာနချုပ်၌ အသေခံဗုံးခွဲမှုကြောင့် လုံခြုံရေး  ၃ ဦး သေဆုံး
DVB
·
November 24, 2025
ပါကစ္စတန် အရန်စစ်တပ်ဌာနချုပ်၌ အသေခံဗုံးခွဲမှုကြောင့် လုံခြုံရေး  ၃ ဦး သေဆုံး
Donate to DVB

ပါကစ္စတန် အရန်စစ်တပ်ဌာနချုပ်ကို အသေခံဗုံးခွဲသမား ၃ ယောက်က နိုဝင်ဘာ ၂၄ ရက်မှာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ လုံခြုံရေးဝန်ထမ်း ၃ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တိုက်ခိုက်သူတွေဟာ ပက်ရှ်ဝါမြို့က နယ်ခြားစောင့်တပ်ဖွဲ့ ဌာနချုပ်ထဲကို အတင်းဝင်ရောက် ပစ်ခတ်ခဲ့ပြီး အဆောက်အအုံထဲမှာ သူတို့ကိုယ်သူတို့ ဖောက်ခွဲခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လက်နက်ကိုင် ၂ ယောက် အပါအဝင် ဒဏ်ရာရသူ ၅ ယောက်ကို ဆေးကုဖို့ ပို့လာခဲ့တယ်လို့ Lady Reading ဆေးရုံရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာဆင်းက ပြောပါတယ်။

ခုအချိန်အထိ ဘယ်စစ်သွေးကြွအဖွဲ့ကမှ တိုက်ခိုက်မှုအတွက် တာဝန်ယူတယ်လို့ မကြေညာသေးပါဘူး။

နယ်ခြားစောင့်တပ်ဖွဲ့ (FC) ရုံးချုပ်ကို ဝင်စီးနင်းဖို့ ကြိုးပမ်းခဲ့တဲ့ အသေခံဗုံးခွဲသမား ၃ ယောက်လည်း တန်ပြန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တယ်လို့ မြို့တော်ရဲတပ်ဖွဲ့မှူး မီယန်ဆာအိဒ်က ပြောပါတယ်။

ဆာအိဒ်က “တိုက်ခိုက်သူတဦးက အဓိကဝင်ပေါက်မှာ ဗုံးခွဲခဲ့ပြီး ကျန် ၂ ဦးက အဆောက်အအုံထဲကို ဝင်ခဲ့တယ်။ FC တပ်ဖွဲ့ဝင်တွေက သူတို့ကို ပစ်ခတ်ခဲ့ပြီး ၂ ယောက်စလုံး နေရာမှာတင် သေဆုံးသွားတယ်” လို့ ထပ်ပြောပါတယ်။

FC ရုံးချုပ်အတွင်း အသေခံဗုံးခွဲမှု ၂ ကြိမ် ဖြစ်ခဲ့ပြီး တခုက အဓိကဝင်ပေါက်မှာ၊ နောက်တခုက အဆောက်အအုံထဲက မော်တော်ဆိုင်ကယ်ရပ်တဲ့ နေရာနားမှာလို့ ရဲမင်းကြီး ခိုင်ဘာ ပက်တန်ခွာ ဇူလ်ဖီကာ ဟာမိဒ်က ပြောခဲ့ပါတယ်။

အဓိကဝင်ပေါက်က ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် အနားက လူနေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ထိတ်လန့်တုန်လှုပ်ခဲ့ပြီး ပေါက်ကွဲသံကို ဝေးတဲ့နေရာကနေ ကြားခဲ့ရပါတယ်။

နောက်ထပ် တပ်ဖွဲ့တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အခင်းဖြစ်ပွားရာနေရာဆီ အပြေးအလွှား ရောက်လာခဲ့ပြီး ဧရိယာတဝိုက်က လုံခြုံရေးတွေကို အထူးသတိထားဖို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ခိုင်ဘာပက်တွန်ခွာပြည်နယ် ဝန်ကြီးချုပ် ဆိုဟေးလ် အာဖရီဒီက အကြမ်းဖက်တိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချခဲ့ပြီး ပြည်နယ်အစိုးရက ရဲတပ်ဖွဲ့နဲ့ ဥပဒေစိုးမိုးရေးအေဂျင်စီ အားလုံးနဲ့အတူ အခိုင်အမာ ရပ်တည်တယ်လို့ ထပ်ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013