DVB Logo
Home
မြန်မာသတင်း
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးမြင့်တက်နေသဖြင့် လုပ်ငန်းများရပ်ဆိုင်း
DVB
·
November 22, 2025
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးမြင့်တက်နေသဖြင့် လုပ်ငန်းများရပ်ဆိုင်း
Donate to DVB

မြန်မာပြည်တွင်း ဈေးကွက်ထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ ဈေးနှုန်း အဆမတန်မြင့်တက်နေတာကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းထားရတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်သူတွေထံက သိရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ အဓိက တင်သွင်းနေတာဖြစ်တဲ့အတွက် လမ်းကြောင်းအခြေအနေအရ ပစ္စည်းတွေအခက်အခဲရှိတယ်လို့ ဆိုပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်က “များသောအားဖြင့် နယ်စပ်လမ်းကြောင်းကနေ သွင်းတာများတယ်။ ပင်လယ်ရေကြောင်းကသွင်းတာ ရှားတယ်။ အခု နယ်စပ် လမ်းကြောင်းတွေက သွင်းမရတော့ ပစ္စည်းတွေကပြတ်၊ ဈေးတွေကတက်နဲ့ အဆင်မပြေဘူး။ အခု ရပ်ထားရတယ်။ လုပ်ငန်းတွေပြန်မစနိုင်ဘူး။ တချို့ ဆောက်လက်စနေရာတွေဆိုရင် အရှုံးခံပြန်ရောင်းရတယ်” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်က ဈေးကွက်ထဲမှာ တကျပ်လုံး သံတတန်ကို ငွေကျပ် ၂,၄၃၀,၀၀၀၊ ၅ မူးလုံး သံတတန်ကို ငွေကျပ် ၁,၇၀၀,၀၀၀၊ ၆ မူးလုံးသံတတန်ကို ငွေကျပ် ၂,၂၀၀,၀၀၀ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၅ နှစ်စပိုင်းမှာတော့ တကျပ်လုံး သံတတန်ကို ငွေကျပ် ၂,၅၆၀,၀၀၀၊ ၅ မူးလုံး သံတတန်ကို ငွေကျပ် ၂,၄၅၀,၀၀၀၊ ၆ မူးလုံး သံတတန်ကို ငွေကျပ် ၂,၂၀၀,၀၀၀ ဖြစ်ပြီး ဆောက်လုပ်ရေးပစ္စည်းတင်သွင်းခွင့် ပိတ်ပြီးနောက်ပိုင်း တကျပ်လုံး သံတတန်ကို ငွေကျပ် ၃,၄၅၀,၀၀၀၊ ၅ မူးလုံးသံတတန်ကို ငွေကျပ် ၃,၂၄၀,၀၀၀၊ ၆ မူးလုံး သံတတန်ကို ငွေကျပ် ၃,၁၀၀,၀၀၀ အထိမြင့်တက်လာတာဖြစ်ပါတယ်။

အလားတူ အိမ်သုတ်ဆေးထုတ်လုပ်နေတဲ့ ပြည်တွင်းလုပ်ငန်းတချို့မှာလည်း ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ပြီးနောက်ပိုင်း စက်တင်ဘာလကစလို့ ကုန်ကြမ်းမရရှိတာကြောင့် လုပ်ငန်းရပ်ဆိုင်းနေ ပါတယ်။

သြဂုတ် ၁၃ ရက်ကစပြီး စစ်ကောင်စီတပ်က ပြည်ပကနေ လူသုံးကုန်ပစ္စည်းနဲ့ ဆောက်လုပ်ရေးပစ္စည်းအပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်ပေါက်တွေကနေ တင်သွင်းခွင့် ပိတ်ထားတာဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ ရပ်ဆိုင်းထားရတာကြောင့် အဲဒီအလုပ်နဲ့ဆက်စပ်နေတဲ့ အခြေခံအလုပ်သမားအများအစုဟာ အလုပ်အကိုင်အခွင့်အလမ်း မရှိသလောက် နည်းပါးသွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013