DVB Logo
Home
အားကစား
ဥရောပဇုန်ကမ္ဘာ့ဖလား ပလေးအော့ဖ်ဆီမီးဖိုင်နယ်၌ မြောက်အိုင်ယာလန်နှင့် အီတလီ တွေ့ဆုံ
DVB
·
November 21, 2025
ဥရောပဇုန်ကမ္ဘာ့ဖလား ပလေးအော့ဖ်ဆီမီးဖိုင်နယ်၌ မြောက်အိုင်ယာလန်နှင့် အီတလီ တွေ့ဆုံ
Donate to DVB

ဥရောပဇုန်ကမ္ဘာ့ဖလား ပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ရာမှာ နာမည်ကြီး အီတလီအသင်းက မြောက်အိုင်ယာလန်အသင်းနဲ့ တွေ့ဆုံပါတယ်။

ပလေးအော့ဖ်အဆင့်မှာ ခြေစစ်ပွဲအုပ်စုအဆင့်မှာ ဒုတိယရရှိခဲ့ကြတဲ့ အသင်း ၁၀ သင်းနဲ့ နေးရှင်းလိဂ်ပြိုင်ပွဲကတဆင့် အုပ်စုပထမ ရရှိခဲ့တဲ့အသင်းတွေထဲက အဆင့်အမြင့်ဆုံး ၄ သင်း စုစုပေါင်း ၁၆ သင်းကို လမ်းကြောင်း ၄ ခု ခွဲပြီးယှဉ်ပြိုင်ကစားကြမှာပါ။ 

လမ်းကြောင်း A မှာ အီတလီနဲ့ မြောက်အိုင်ယာလန်၊ ဝေးလ်နဲ့ ဘော့စနီးယားတို့ တွေ့ဆုံနေပြီး အနိုင်ရတဲ့ ၂ သင်းက ပလေးအော့ဖ်ဗိုလ်လုပွဲထပ်မံကစားပြီး ကမ္ဘာ့ဖလားဝင်ခွင့် တနေရာအတွက် အပြိုင်လုကြရမှာပါ။ 

လမ်းကြောင်း B မှာ ယူကရိန်းနဲ့ ဆွီဒင်၊ ပိုလန်နဲ့ အယ်လ်ဘေးနီးယားတို့ တွေ့ဆုံနေပြီး လမ်းကြောင်း C မှာ တူရကီနဲ့ ရိုမေးနီးယား၊ ဆလိုဗက်ကီးယားနဲ့ ကိုဆိုဗို တို့ တွေ့ဆုံပါတယ်။ 

လမ်းကြောင်း D မှာတော့ ဒိန်းမတ်နဲ့ မြောက် မက်ဆီဒိုးနီးယား၊ ချက်နဲ့ အိုင်ယာလန်နဲ့ တွေ့ဆုံပါတယ်။

မြောက်အိုင်ယာလန်၊ ဆွီဒင်၊ ရိုမေးနီးယားနဲ့  မြောက်မက်ဆီဒိုးနီးယားအသင်းတွေက ခြေစစ်ပွဲအုပ်စု အဆင့်မှာ ပလေးအော့ဖ်ကစားခွင့်မရခဲ့ကြပေမဲ့ နေးရှင်းလိဂ်အဆင့်သတ်မှတ်ချက်အရ ပလေးအော့ဖ်ကစားခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013