DVB Logo
Home
နိုင်ငံတကာ
ဖိလစ်ပိုင် မြို့တော်ဝန်ဟောင်း အဲလစ်စ်ဂေါကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်တသက် ချမှတ်
DVB
·
November 20, 2025
ဖိလစ်ပိုင် မြို့တော်ဝန်ဟောင်း အဲလစ်စ်ဂေါကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်တသက် ချမှတ်
Donate to DVB

ဖိလစ်ပိုင်တရားရုံးဟာ တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်မှုရှိတယ်လို့ စွပ်စွဲခံရတဲ့ မြို့တော်ဝန်ဟောင်း အဲလစ်စ်ဂေါကို လူကုန်ကူးမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ကြောင်း အစိုးရ ရာဇဝတ်မှုတိုက်ဖျက်ရေး အေဂျင်စီက နိုဝင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။

မနီလာမြို့တော် မြောက်ဘက်ရှိ စိုက်ပျိုးရေးမြို့တမြို့ဖြစ်တဲ့ ဘမ်ဘန်းမှာ မြို့တော်ဝန်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အဲလစ်စ်ဂေါကို နောက်ပိုင်းမှာ ဥပဒေစိုးမိုးရေးဌာနက တရုတ်နိုင်ငံသား ဂေါဟွားပင်း အဖြစ် ဖော်ထုတ်ခဲ့ပါတယ်။

ဂေါဟွားပင်းဟာ ရာဇဝတ်သားတွေနဲ့ အဆက်အစပ်ရှိတယ် ဆိုတာကို အရင်က ငြင်းဆိုခဲ့ပြီး သူဟာ မွေးရာပါ ဖိလစ်ပိုင်နိုင်ငံသားတယောက် ဖြစ်ကြောင်းလည်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ဂေါဟွားပင်းရဲ့ ရှေ့နေက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့နှစ်က ရဲတပ်ဖွဲ့ရဲ့ စီးနင်းမှုတခုအတွင်း လိမ်လည်မှုစင်တာတခု လုပ်ကိုင်နေတဲ့ အဆောက်အအုံဟာ အဲလစ်ဂေါ တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ မြေပေါ်မှာ တည်ဆောက်ထားတာကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး နောက် ၂ လအကြာ မေလမှာ ဖိလစ်ပိုင် အထက်လွှတ်တော်ဟာ အဲလစ်စ်ဂေါကို တရားဝင် စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်ခဲ့ပါတယ်။

ဒီစီးနင်းမှုအတွင်း နိုင်ငံခြားသားတွေ အပါအဝင် လူကုန်ကူးခံရတဲ့ ရာနဲ့ချီတဲ့ အလုပ်သမားတွေကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး သမ္မတရဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးကော်မရှင် (PAOCC) က အဲလစ်စ်ဂေါကို လူကုန်ကူးမှုဆိုင်ရာ တိုင်ကြားခဲ့ပါတယ်။

ဒါဟာ မကြာသေးတဲ့နှစ်ပိုင်းအတွင်း အရှေ့တောင်အာရှမှာ ပေါ်ပေါက်လာတဲ့ ငွေလိမ်စင်တာတွေထဲက တခုဖြစ်ပြီး အဲဒီအဆောက်အအုံကိုလည်း အစိုးရဆီ လွှဲပြောင်းဖို့ အမိန့်ပေးခဲ့ပါတယ်။

အဲလစ်စ်ဂေါဟာ နောက်ပိုင်းမှာ ကွန်ဂရက်လွှတ်တော် ကြားနာပွဲတွေကို တက်ရောက်ဖို့ ငြင်းဆန်ခဲ့ပြီးနောက်မှာ အထက်လွှတ်တော်က အဲလစ်စ်ဂေါကို မထီမဲ့မြင်ပြုမှုနဲ့ ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ပါတယ်။

အဲလစ်စ်ဂေါဟာ နိုင်ငံကနေ ထွက်ပြေးခဲ့ပေမဲ့ နောက်ပိုင်းမှာ အင်ဒိုနီးရှားမှာ ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ဖိလစ်ပိုင်ကို နှင်ထုတ်ခံခဲ့ရပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကျင့်ဝတ်နဲ့မညီ ဆိုးရွားတဲ့အပြုအမူအတွက် စုံစမ်းရေးအရာရှိအဖြစ်မှ ရာထူးဖယ်ရှားခံခဲ့ရတဲ့ အဲလစ်စ်ဂေါဟာ အဂတိလိုက်စားမှုနဲ့ ငွေကြေးခဝါချမှု အပါအဝင် တခြားရာဇဝတ်မှု စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013