DVB Logo
Home
နိုင်ငံတကာ
ဂါဇာနှင့် ခန်းယူနစ်မြို့တို့တွင် အစ္စရေး တိုက်ခိုက်မှုကြောင့် ၂၈ ဦးထက်မနည်း သေဆုံး
DVB
·
November 20, 2025
ဂါဇာနှင့် ခန်းယူနစ်မြို့တို့တွင် အစ္စရေး တိုက်ခိုက်မှုကြောင့် ၂၈ ဦးထက်မနည်း သေဆုံး
Donate to DVB

အစ္စရေးစစ်တပ်ဟာ ဂါဇာမြို့နဲ့ ခန်းယူနစ်မြို့တွေကို အဓိကထားပြီး အကြိမ်အများကြီး တိုက်ခိုက်ခဲ့လို့ ခုအချိန်အထိ လူ ၂၈ ယောက်ထက်မနည်း သေဆုံးပြီး နောက်ထပ် ၇၇ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက နိုဝင်ဘာ ၁၉ ရက်မှာ ဖော်ပြပါတယ်။

အစ္စရေးစစ်တပ်ဟာ နောက်ဆုံးအပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး တိုက်ခိုက်မှု ၃၉၃ ကြိမ် လုပ်ခဲ့လို့ လူ အယောက် ၂၈၀ သေဆုံးပြီး ၆၇၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာအစိုးရ မီဒီယာရုံးက ပြောပါတယ်။

အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေဟာ အစ္စရေးနဲ့ ပါလက်စတိုင်း ထိန်းချုပ်မှုအောက်မှာရှိတဲ့ နယ်မြေတွေကို ပိုင်းခြားဖို့ သဘောတူထားတဲ့ “အဝါရောင်မျဉ်း” ကို ကျော်လွန်နေတယ်လို့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ဝင်တွေက သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ပြီးတဲ့နောက် ဂါဇာတဝန်းက ဟားမတ်စ် ပစ်မှတ်တွေကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

သီတင်း ၆ ပတ်နီးပါး ကြာနေပြီဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်လို့လည်း ဆက်ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့တွေထဲမှာ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။ ၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး ဂါဇာအပေါ် အစ္စရေးရဲ့စစ်ပွဲကြောင့် ပါလက်စတိုင်းလူမျိုး ၆၉,၅၁၃ ယောက်ထက်မနည်း သေဆုံးပြီး ၁၇၀,၇၄၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်မှုတွေအတွင်း အစ္စရေးမှာ စုစုပေါင်း လူ ၁,၁၃၉ ယောက် သေဆုံးပြီး တခြား လူ အယောက် ၂၀၀ လောက်ကို ဟားမတ်စ်တွေက ဖမ်းဆီးထားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013