DVB Logo
Home
နိုင်ငံတကာ
ပိုလန်က ‘ရုရှားကြောက်ရောဂါ’ ခံစားနေရဟု ကရင်မ်မလင် စွပ်စွဲ
DVB
·
November 19, 2025
ပိုလန်က ‘ရုရှားကြောက်ရောဂါ’ ခံစားနေရဟု ကရင်မ်မလင် စွပ်စွဲ
Donate to DVB

ယူကရိန်းကိုသွားတဲ့ ရထားလမ်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဟာ ရုရှားထောက်လှမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ယူကရိန်းနိုင်ငံသား ၂ ယောက်ကြောင့် ဖြစ်ကြောင်း ဝါဆောအစိုးရက အပြစ်တင်ပြီးနောက်မှာ ပိုလန်ဟာ ရုရှားကြောက်ရောဂါ ခံစားနေရပြီလို့ ကရင်မ်မလင်က နိုဝင်ဘာ ၁၈ ရက်မှာ စွပ်စွဲခဲ့ပါတယ်။

ကရင်မ်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က “ဘာကိစ္စဖြစ်ဖြစ် ရုရှားကိုမှ အရင်ဆုံး အပြစ်မတင်လိုက်ရရင် အတော်ထူးဆန်းနေပါလိမ့်မယ်။ ဖြစ်ပွားနေတဲ့ ပေါင်းစပ်စစ်ပွဲတွေနဲ့ တိုက်ရိုက်စစ်ပွဲတွေမှာ ထင်ရှားတဲ့ ဖြစ်သမျှကိစ္စ အားလုံးအတွက် ရုရှားက စွပ်စွဲခံနေရပါတယ်” လို့ ရုရှားနိုင်ငံပိုင်ရုပ်သံဌာနရဲ့ သတင်းထောက်ကို  ပြောပါတယ်။

ယူကရိန်းနိုင်ငံသားတွေဟာ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးမှုနဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေမှာ ထပ်ပြီး သံသယဝင်ခံနေရတယ် ဆိုတဲ့အချက်က အံ့သြစရာပဲ လို့လည်း ဆိုပါတယ်။

Nord Stream ပိုက်လိုင်း၊ ပေါက်ကွဲမှုတွေတုန်းကလည်း ယူကရိန်းလူမျိုးတွေပဲ သံသယရှိခံရတာ လို့လည်း ပက်စ်ကို့ဗ်က ဆိုပါတယ်။

ဒီရထားလမ်းပေါက်ကွဲမှုဟာ ယူကရိန်းစစ်ပွဲ စတင်ချိန်ကတည်းက ပိုလန်နဲ့ တခြားဥရောပနိုင်ငံ တွေမှာ မီးရှို့မှု၊ ဖျက်ဆီးမှုနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ ပေါ်ပေါက် လာခဲ့တာပါ။

ပိုလန်နိုင်ငံရဲ့ အထူးဝန်ဆောင်မှုဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အရာအားလုံးဟာ ရုရှားထောက်လှမ်းရေးဌာနတွေက ပိုလန်ရထားလမ်းတွေကို ဖျက်ဆီးဖို့ တာဝန်ပေးအပ်နေတာကို ညွှန်ပြနေတယ်လို့ ပြောပါတယ်။

ပိုလန်မြို့တော်ကို ယူကရိန်းနယ်စပ်နဲ့ ဆက်သွယ်ထားတဲ့ ဝါဆော-လူဘလင် ရထားလမ်းမှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွက် တာဝန်ရှိတဲ့ ယူကရိန်းလူမျိုး ၂ ယောက်ကို ပိုလန်နိုင်ငံက ဖော်ထုတ်နိုင်ခဲ့ပြီး သူတို့ဟာ ရုရှားထောက်လှမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဘယ်လာရုစ်ကို ထွက်ပြေးသွားခဲ့တယ်လို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ် တပ်စ်ခ်က နိုဝင်ဘာ ၁၈ ရက်မှာ ပြောပါတယ်‌။

သူတို့ဟာ တိုက်ခိုက်မှုတွေ မတိုင်ခင်မှာ ဘယ်လာရုစ်ကနေ ဖြတ်ကျော်လာပြီး အာဏာပိုင်တွေက သူတို့ကို မဖော်ထုတ်နိုင်ခင်မှာ နယ်စပ်ကို ပြန်ပြေးသွားခဲ့တယ်လို့ တပ်စ်ခ်က ဥပဒေပြု အမတ်တွေကို ပြောပါတယ်။

တိုက်ခိုက်မှုတွေဟာ ဖျက်ဆီးသူတွေလို့ စွပ်စွဲခံရသူတွေရဲ့ အမှားတွေကြောင့် မဟုတ်ရင် “ပြင်းထန်ဆိုးရွားတဲ့ ကပ်ဘေး” တရပ် ဖြစ်ပေါ်စေနိုင်တယ်လို့လည်း ဆိုပါတယ်။

ပိုလန်နိုင်ငံဟာ ရထားလမ်းတချို့မှာ ပိုမိုမြင့်မားတဲ့ ခြိမ်းခြောက်မှုအဆင့်ကို အသိပေး လုပ်ဆောင်မှာဖြစ်ပြီး အဓိက အခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့ စစ်တပ်ကို အသုံးပြုသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ပိုလန်နိုင်ငံဟာ ကိယက်ဗ်မြို့ကို အကူအညီပေးရေး ဗဟိုချက်အဖြစ် အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် မော်စကိုရဲ့ အကြီးမားဆုံး ပစ်မှတ်တွေထဲက တခု ဖြစ်လာတယ်လို့ ဝါဆောက ပြောပါတယ်။

ရုရှားနိုင်ငံကတော့ ဖျက်ဆီးမှုလုပ်ရပ်တွေအတွက် တာဝန်ရှိတယ် ဆိုတာကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013