DVB Logo
Home
မြန်မာသတင်း
မလေးရှားပို့မည့် မူးယစ်ဆေးဝါး ကျပ် သန်းပေါင်း ၁၂၀,၀၀၀ ခန့် ဖမ်းမိ
DVB
·
November 19, 2025
မလေးရှားပို့မည့် မူးယစ်ဆေးဝါး ကျပ် သန်းပေါင်း ၁၂၀,၀၀၀ ခန့် ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်နဲ့ မလေးရှားနိုင်ငံဆီကိုပို့မယ့် မူးယစ်ဆေးဝါး တန်ဖိုးငွေကျပ် သန်းပေါင်း ၁၂၀,၀၀၀ လောက်ကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဖမ်းဆီးမိတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးသတင်းမှာ နိုဝင်ဘာ ၁၈ ရက်ညက ဖော်ပြပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့သတင်းရယူဖော်ထုတ်ချက်တွေအရ နိုဝင်ဘာ ၅ ရက် ညပိုင်းက ပုသိမ်မြို့နယ်၊ ၁ ရပ်ကွက်က ဂိုဒေါင်ရဲ့ မြေအောက်ခန်းမှာ ဖွက်ထားတဲ့ အိုက်စ် (ICE) မူးယစ်ဆေးဝါး ၄,၀၀၀ ကီလိုဂရမ်နဲ့အတူ AA ရဲ့ ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်း၊ ပုသိမ်မြို့မှာ မူးယစ်ဆေးဝါးတွေ ထိန်းသိမ်းပေးသူ လမင်းခန့် တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၆ ရက်က ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်က ရွှေလမင်းဆေးရုံ၊ ပုသိမ်မြို့နယ်၊ ၉ ရပ်ကွက်၊ ထင်းပုံဆိပ်ကျေးရွာတို့ကနေ ဆက်စပ်သူ ၂ ယောက်ကို ဖမ်းမိသလို တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စုမှာ မူးယစ်ဆေးတွေသယ်ရာမှာသုံးတဲ့ ကုန်တင်သင်္ဘော ၁ စင်းနဲအတူ လှေလုပ်သား ၁၀ ယောက်၊ ချောင်းသာမြို့၊ အမှတ် ၃ ရပ်ကွက်နဲ့ အမှတ် ၂ ရပ်ကွက်၊ ပုသိမ်မြို့နယ်၊ သလပ်ခွာကျေးရွာအုပ်စု၊ မော်တော်ကုန်းကျေးရွာ၊ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းတို့ကနေ ဆက်စပ်သူ ၃ ယောက် တို့ကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၇ ရက်မှာလည်း မူးယစ်ဆေးတွေသယ်ရာမှာသုံးတဲ့ MV ရွှေဝတီ ကုန်တင်သင်္ဘောကို ဆိပ်ကြီးခနောင်တိုဆိပ်ကမ်းက လွန်းကျင်းမှာ၊ မူးယစ်ဆေးဝါးတွေကို ပုသိမ်မြို့ကနေ မလေးရှားနိုင်ငံကိုပို့ဆောင်ခိုင်းသူ ဘောဇဝတီ ဆန်လုပ်ငန်းနဲ့ Utopia Future အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ မောင်ငယ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးမိတယ်လို့ ဖော်ပြပါတယ်။

နိုဝင်ဘာ ၈ ရက်မှာလည်း ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ အမှတ် ၂ ရပ်ကွက်မှာ လှေလုပ်သား ၂ ယောက်၊ နိုဝင်ဘာ ၉ ရက်နေ့က မြိတ်မြို့၊ နောက်လယ်ရပ်ကွက်မှာ ဆက်စပ်သူ တယောက်တို့ကို ဆက်ဖမ်းမိတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးတွေပို့ခိုင်းသူ အားဝေ (ခ) ရှောက်ထန် (ခ) သန်းမောင် ရဲ့ တာချီလိတ်မြို့ကအိမ်ကို နိုဝင်ဘာ ၁၁ ရက်က သွားရောက်ရှာဖွေရာမှာ အမေရိကန်နိုင်ငံထုတ် M-4,A-1 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၅ ဒသမ ၅၆ ကျည် ၂၆ တောင့်၊ အီတလီနိုင်ငံထုတ် BERETTA အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ အမေရိကန်နိုင်ငံထုတ် SIG SAUER အမျိုးအစား ပစ္စတိုသေနတ် တလက်၊ ကျည်အိမ် ၂ ခု ကို သိမ်းဆည်းရမိပြီး လူကိုတော့ မမိဘူးလို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၆ ရက်မှာလည်း ကျောင်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ ဌာနလမ်း၊ ပုသိမ်မြို့၊ ၃ ရပ်ကွက်၊  မြကျွန်းသာအိမ်ရာက ရွှေမင်းသမီးဟိုတယ်တို့ကနေ ဆက်စပ်သူ ၂ ယောက်ကို ထပ်ဖမ်းမိတာကြောင့် လူ ၂၄ ယောက်ကို ဖမ်းထားတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကိုပို့မယ့် မူးယစ်ဆေးတွေနဲ့ပတ်သက်ရင် AA နဲ့ ဆက်စပ်ပတ်သက်တယ်လို့ မကြာခဏဖော်ပြလေ့ရှိပြီး AA ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013