DVB Logo
Home
နိုင်ငံတကာ
အက်ပ်စတိန်းမှတ်တမ်းများ ဖွင့်ချရန် ထောက်ခံမဲပေးနိုင်ဟု ထရမ့်ပ် ပြော
DVB
·
November 17, 2025
အက်ပ်စတိန်းမှတ်တမ်းများ ဖွင့်ချရန် ထောက်ခံမဲပေးနိုင်ဟု ထရမ့်ပ် ပြော
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဂျက်ဖရီအက်ပ်စတိန်းရဲ့ မှတ်တမ်းတွေ ထုတ်ပြန်ရေးကို အောက်လွှတ်တော် ရီပတ်ဘလစ်ကန်တွေ မဲပေးထောက်ခံသင့်တယ်လို့ နိုဝင်ဘာ ၁၆ ရက်က သူ့ရဲ့ Truth Social မှာ ရေးသားခဲ့ပါတယ်။

ဒါဟာ သူ့ရဲ့ မူလရပ်တည်ချက်ကနေ သိသိသာသာ ပြောင်းလဲသွားတာလည်း ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်အမတ် ဒါဇင်နဲ့ချီက ပါတီလိုင်းကို ချိုးဖောက်ပြီး မှတ်တမ်းတွေ ထုတ်ပြန်ရေး ထောက်ခံမဲပေးဖို့ အချက်ပြခဲ့ပြီးနောက်မှာ ထရမ့်ပ်ရဲ့ ရပ်တည်ချက် ပြောင်းသွားတာပါ။

အက်ပ်စတိန်းမှတ်တမ်းများ ပွင့်လင်းမြင်သာမှုရှိရေး အက်ဥပဒေမူကြမ်းကို အောက်လွှတ်တော်မှာ ဒီတပတ်အတွင်း မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။

ဒီဥပဒေကြမ်းဟာ အောက်လွှတ်တော်မှာ အတည်ပြုဖို့ မဲအလုံအလောက် ရထားပြီဆိုပေမဲ့ အထက်လွှတ်တော်မှာ အတည်ဖြစ်၊ မဖြစ်ကတော့ မသေချာသေးပါဘူး။

ဒီမိုကရက်တွေအပြင် ရီပတ်ဘလစ်ကန်အမတ် ၁၀၀ လောက်ကပါ ထောက်ခံမဲပေးနိုင်တယ်လို့ ဥပဒေကြမ်းကို ပူးတွဲတင်သွင်းသူ ရီပတ်ဘလစ်ကန်အမတ် သောမတ်မာဆီက ပြောပါတယ်။

ထရမ့်ပ်ကတော့ သူ့မှာ “ဖုံးကွယ်ထားစရာ ဘာမှမရှိ” ကြောင်းနဲ့ တရားရေးဌာနက သမ္မတဟောင်း ဘီလ်ကလင်တန် အပါအဝင် ဒီမိုကရက်တွေနဲ့ အက်ပ်စတိန်းရဲ့ ဆက်ဆံရေးကို စုံစမ်းနေတယ်လို့လည်း ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဒီမိုကရက်တွေ ထုတ်ပြန်ခဲ့တဲ့ အီးမေးလ်တွေထဲမှာ ထရမ့်ပ်ကို ရည်ညွှန်းချက်တချို့ ပါဝင်ခဲ့ပြီးနောက် အခုလို မဲခွဲဆုံးဖြတ်ဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ပ်နဲ့ ဂျက်ဖရီအက်ပ်စတိန်းတို့ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေနဲ့ ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းတွေ တလျှောက်လုံးမှာ လူမှုရေးအရရော၊ လုပ်ငန်းပိုင်းဆိုင်ရာမှာပါ ဆက်ဆံရေး ရှိခဲ့ကြပါတယ်။

၂၀၀၄ ခုနှစ်လောက်မှာ သူတို့ ၂ ယောက် ဆက်ဆံရေး မပျက်စီးမီအထိ ပါတီပွဲတွေနဲ့ တခြားနေရာတွေမှာ အတူတွဲ တွေ့ရလေ့ရှိပါတယ်။ ဒါပေမဲ့ အက်ပ်စတိန်းရဲ့ ရာဇဝတ်မှုတွေကို သိရှိခြင်းမရှိဘူးလို့ ထရမ့်ပ်က ငြင်းဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013