DVB Logo
Home
မြန်မာသတင်း
မောတောင်မြို့တိုက်ပွဲ၌ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရမိပြီး လက်နက်အများအပြားရရှိ (ဓာတ်ပုံ)
DVB
·
November 15, 2025
မောတောင်မြို့တိုက်ပွဲ၌ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရမိပြီး လက်နက်အများအပြားရရှိ (ဓာတ်ပုံ)
1 / 10
Donate to DVB

DVB

ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန် ပါတယ်။

နိုဝင်ဘာ ၁၁ ရက်မှ ၁၄ ရက်အထိ ဖြစ်ပွားခဲ့တဲ့ မောတောင်မြို့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ခလရ၂၂၄မှ တပ်သားဦးရေ ၄၀ ကျော် စစ်ရှုံးပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

ပဒိုစောအယ်နားက “မောတောင်မြို့ဘေးမှာ စစ်တပ်စခန်း ခလရ ၂၂၄ရဲ့ ကုန်း ၂ ကုန်းရှိတယ်။ အမြောက်ကုန်းရောရှိတယ်။ မြို့ထဲမှာတော့ ရဲတွေ၊ ပျူတွေ အုပ်ချုပ်ရေးအဖွဲ့တွေရှိတယ်။ မြို့သိမ်းလိုက်တာက စကစရဲ့ အခြေစိုက်စခန်းတခုကို ရိုက်ချိုးနိုင်တာပါ။ အခု ကျနော်တို့ ဖမ်းမိတဲ့ စစ်သုံ့ပန်းက ၄၂  ယောက်ရှိတယ်”လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရမိပြီး ၁၂၀ မမ လက်နက်ကြီး ၂ လက်၊ ကျည် ၁၈၇ တောင့်၊ .5 စက်သေနတ် ၁ လက်၊ ၆၀ မမ ၃ လက်၊ RPG ၂ လက်၊ ငါးကြင်းမှီး ၁ လက်၊ လက်နက်ငယ် ၃၆ လက်နဲ့ တခြားလက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ပူပေါင်းတပ်ဖြစ်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မောတောင်မြို့ ထိခိုက်ပျက်စီးမှုအခြေအနေပတ်သက်ပြီး ပဒိုစောအယ်နားက “ကျနော်တို့က နယ်မြေရှင်းလင်းရေးမလုပ်သေးတာကြောင့် အတိအကျမသိရသေးဘူး။ လောလောဆယ် တပ်စခန်းတွေပဲ နယ်မြေရှင်းလင်းရေးလုပ်နေတာပါ”လို့ ပြောပါတယ်။

မောတောင်မြို့ကို KNU တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်းတွေအပါအဝင် BPLA၊ FFD တို့က ပူးပေါင်းသိမ်းပိုက်ခဲ့ပြီး တနင်္သာရီမြို့နယ် PDF၊ ပကဖနဲ့ ပလဖတွေက ရန်သူရဲ့ ဖြတ်တောက်ရေးလမ်းကြောင်းမှာ တာဝန်ယူခဲ့တယ်လို့ ပဒိုစောအယ်နားဆီက သိရပါတယ်။

မောတောင်မြို့ဟာ KNU တနင်္သာရီမြို့နယ်ရုံးစိုက်ရာ နေရာတခုဖြစ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာ စစ်တပ်က သာလွန်အင်အားနဲ့ တိုက်ခိုက်သိမ်းယူခဲ့တဲ့နေရာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013