DVB Logo
Home
နိုင်ငံတကာ
အရွယ်မရောက်သေးသူများအား လူကုန်ကူးသည့်ဂိုဏ်းကို စပိန်ရဲတပ်ဖွဲ့ ဖြိုခွင်း
DVB
·
November 14, 2025
အရွယ်မရောက်သေးသူများအား လူကုန်ကူးသည့်ဂိုဏ်းကို စပိန်ရဲတပ်ဖွဲ့ ဖြိုခွင်း
Donate to DVB

စပိန်ရဲတပ်ဖွဲ့ဟာ ကနေရီကျွန်းစုကနေ ပြင်သစ်နိုင်ငံကို အရွယ်မရောက်သေးသူတွေအား လူကုန်ကူးတဲ့ နိုင်ငံတကာ ကလေးမှောင်ခို ရာဇ၀တ်ဂိုဏ်းကွင်းဆက်တခုကို ဖြိုခွင်းနိုင်ခဲ့ပြီး လန်းဇရို့တေ၊ မက်ဒရစ်နဲ့ လာ့စ် ပါးလ်မာ့စ် ဒယ်ဂရန်း ကနာ့ရီယာ နယ်မြေတွေကို လွှမ်းခြုံထားတဲ့ စစ်ဆင်ရေးတခုမှာ လူ ၁၁ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်က ပြောပါတယ်။

သံသယရှိသူတွေထဲက ၄ ယောက်ကို ရာဇဝတ်မှု ကျူးလွန်မှု၊ စာရွက်စာတမ်းအတုပြုလုပ်မှု၊ ကလေးသူငယ်တွေရဲ့ ညစ်ညမ်းရုပ်ပုံတွေနဲ့ ဆက်စပ်တဲ့ စွဲချက်တွေနဲ့ ရုံးတင်စစ်ဆေးခြင်း မပြုခင်မှာ ဖမ်းဆီးချုပ်နှောင် ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

၂၀၂၄ ခုနှစ်နှောင်းပိုင်းမှ ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းအတွင်း ကနေရီကျွန်းစုတွေရှိ အစိုးရပိုင် စင်တာတွေက အရွယ်မရောက်သေးသူ ၁၄ ယောက် ပျောက်ဆုံးသွားပြီးနောက်မှာ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့တာပါ။

အဲဒီအဖွဲ့ဟာ မော်ရိုကို၊ အိုင်ဗရီကို့စ်နဲ့ စပိန်နိုင်ငံရှိ လမ်းကြောင်းတွေနဲ့ အဆက်အသွယ်တွေကို အသုံးပြုကာ ကလေးတွေကို ရွှေ့ပြောင်းပြီး ပြင်သစ်ကို လွှဲပြောင်းဖို့အတွက် အတုအယောင် စာရွက်စာတမ်းတွေကို ပေးအပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

လန်းဇရို့တေမှာ အိမ် ၂ လုံးကနေ ရဲအရာရှိတွေဟာ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းတွေ၊ အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ ငွေသားတွေကို သိမ်းဆည်းခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ အရွယ်မရောက်သေးသူတွေကို ရှာဖွေဖို့နဲ့ နိုင်ငံတကာဆက်စပ်မှုတွေကို ခြေရာခံဖို့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013