
တော့တင်ဟမ်ဟော့စပါးအသင်းဟာ အက်သလက်တီကိုမက်ဒရစ်ကို အိမ်ကွင်းမှာ (၃-၂)ဂိုးနဲ့ အနိုင်ရ ခဲ့ပေမဲ့ ပထမအကျော့က (၅-၂) ဂိုးနဲ့ ရှုံးထားတာကြောင့် နှစ်ကျော့ပေါင်း (၇-၅) ဂိုး နဲ့ ချန်ပီယံလိဂ် ကနေ ထွက်ခွာခဲ့ရပါတယ်။
နည်းပြသစ် တူဒေါလက်ထက်မှာ ပထမဆုံးနိုင်ပွဲရခဲ့တာဖြစ်ပြီး ကိုလိုမူအာနီနဲ့ ဇာဗီဆိုင်မွန်တို့က ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။
အက်သလက်တီကိုအတွက်တော့ အယ်လ်ဗာရက်ဇ်နဲ့ ဟန်ကိုတို့က ဂိုးတွေသွင်းခဲ့ပြီး သူတို့ဟာ ကွာတားဖိုင်နယ်မှာ နယူးကာဆယ်ကို ဖြုတ်ချလာတဲ့ ဘာစီလိုနာနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
တော့တင်ဟမ်အတွက်တော့ ဒီနိုင်ပွဲက ရရှိလာတဲ့ ယုံကြည်မှုနဲ့အတူ လာမဲ့တနင်္ဂနွေနေ့မှာ နော့တမ်ဟမ်ဖောရက်စ်နဲ့ ကစားရမဲ့ တန်းဆင်းဇုန်တိုက်ပွဲကို ဆက်လက်ရင်ဆိုင်ရမှာပါ။
အမှတ်ပေးဇယား အဆင့် ၁၆ နဲ့ ၁၇ က စပါးနဲ့ နော်တင်ဟမ်တို့အတွက် ဒီပွဲက တန်းမဆင်းရဖို့ အဆုံးအဖြတ်ပွဲစဥ်ဖြစ်လာဖို့ ရှိပါတယ်။
Photo: Reuters










