DVB Logo
Home
နိုင်ငံတကာ
အင်အားကြီးနိုင်ငံတခုခု နျူကလီးယားစမ်းသပ်ပါက ရုရှားကလည်း လုပ်ဆောင်မည်
DVB
·
November 12, 2025
အင်အားကြီးနိုင်ငံတခုခု နျူကလီးယားစမ်းသပ်ပါက ရုရှားကလည်း လုပ်ဆောင်မည်
Donate to DVB

နျူကလီးယား အင်အားကြီးနိုင်ငံတခုခုက နျူကလီးယားစမ်းသပ်မှုတွေ လုပ်ဆောင်တယ်ဆိုရင် မော်စကိုကလည်း ပြုလုပ်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာ့ဗ်ရော့ဗ်က နိုဝင်ဘာ ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

နျူကလီးယားစမ်းသပ်မှုတွေကို ပထဝီနိုင်ငံရေး ရည်ရွယ်ချက်အတွက် အသုံးပြုနိုင်တယ်လို့ ဆိုတဲ့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်တွေအပေါ် မော်စကိုက စိုးရိမ်မိကြောင်းလည်း လာ့ဗ်ရော့ဗ်က ပြောပါတယ်။

“ဒီရည်ရွယ်ချက်အတွက် နျူကလီးယားအချက်ကို အသုံးပြုမယ်ဆိုရင် စိုးရိမ်စရာပါ။ ဒါဟာ အမေရိကန်သမ္မတ ရော်နယ်လ်ရေဂင်နဲ့ ဆိုဗီယက်ယူနီယံခေါင်းဆောင် မီခေးလ် ဂေါ်ဘာချော့ဗ်တို့ သဘောတူထားတဲ့ အယူအဆကနေ သိသာထင်ရှားတဲ့ သွေဖည်မှုတခုပါပဲ” လို့လည်း ဆိုပါတယ်။

နျူကလီးယားစမ်းသပ်မှုတွေကို ပြန်လည်စတင်ဖို့ ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ပထဝီနိုင်ငံရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့်ဖြစ်ပြီး ဒီလိုစမ်းသပ်မှုမျိုးမှာ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက် မရှိပါဘူးလို့ နျူကလီးယားတားဆီးရေး၊ ဓာတုဗေဒနဲ့ ဇီဝဗေဒဆိုင်ရာ ကာကွယ်ရေးမူဝါဒနဲ့ အစီအစဉ်တွေအတွက် လက်ထောက်ကာကွယ်ရေးဝန်ကြီး အဖြစ် ထရမ်ပ့်က အမည်စာရင်းတင်သွင်းခံရသူ ရောဘတ် ကက်ဒလက်စ်ရဲ့ ပြောဆိုချက်ကို ကိုးကားတာပါလို့လည်း ပြောကြားခဲ့ပါတယ်။

“သံသယဖြစ်စရာ မြေအောက်လှုပ်ရှားမှုတွေ” လို့ ဝါရှင်တန်က ခေါ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ စိုးရိမ်မှုတွေကို ဆွေးနွေးဖို့ အသင့်ရှိနေကြောင်းလည်း လာ့ဗ်ရော့ဗ်က ဆိုပါတယ်။

“ကျနော်တို့ဟာ လျှို့ဝှက် မြေအောက် (နျူကလီးယား) လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နေတယ် ဆိုတဲ့ ကျနော်တို့ရဲ့ အမေရိကန် လုပ်ဖော်ကိုင်ဖက်တွေရဲ့ သံသယတွေကို ဖြေရှင်းဖို့ အသင့်ပါပဲ” လို့လည်း ပြောဆိုပါတယ်။

“သူတို့ ကနဦး အဆိုပြုခဲ့တဲ့ ရုရှားနဲ့ အမေရိကန် ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးအတွက် ကျနော်တို့ရဲ့  အမေရိကန် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြင်ဆင်မှုတွေ ပြန်စတင်ဖို့ကို ဆွေးနွေးဖို့လည်း အသင့်ရှိနေပါတယ်” လို့ လာ့ဗ်ရော့ဗ်က ဆိုပါတယ်။

အမေရိကန်လုပ်ဖော်ကိုင်ဖက်တွေဟာ သူတို့ရဲ့ အဆိုပြုချက်ကို သက်တမ်းပြန်တိုးပြီး အမှန်တကယ် အကျိုးဖြစ်ထွန်းစေနိုင်တဲ့ အဆင့်မြင့် အစည်းအဝေးတွေအတွက် ပြင်ဆင်မှုတွေ စတင်ဖို့ အသင့်ဖြစ်နေပြီဆိုရင် ဘူဒါပက်စ်ဟာ နှစ်သက်ဖွယ်ရာ နေရာတခု ဖြစ်လာလိမ့်မယ်လို့လည်း ပြောသွားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013