DVB Logo
Home
နိုင်ငံတကာ
ရုရှားက ယူကရိန်းကို တညတည်း ဒရုန်း ၄၅၀၊ ဒုံးကျည် ၄၅ စင်းတို့ဖြင့် ပစ်လွှတ် တိုက်ခိုက် 
DVB
·
November 9, 2025
ရုရှားက ယူကရိန်းကို တညတည်း ဒရုန်း ၄၅၀၊ ဒုံးကျည် ၄၅ စင်းတို့ဖြင့် ပစ်လွှတ် တိုက်ခိုက် 
Donate to DVB

ရုရှားဟာ နိုဝင်ဘာ ၈ ရက် တညတည်းမှာ ယူကရိန်းနိုင်ငံထဲက စွမ်းအင်ကဏ္ဍနဲ့ တခြားအခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ဒရုန်းအစင်း ၄၅၀နဲ့ ဒုံးကျည် ၄၅ စင်း ပစ်လွှတ်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။

ရုရှားစွမ်းအင်ကဏ္ဍအပေါ် ပိုပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ယူကရိန်းအစိုးရရဲ့  မဟာမိတ်တွေကို ဇလန်းစကီးက ထပ်လောင်း တောင်းဆိုခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ နိုဝင်ဘာ ၇ ရက်မှာ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေအတွက် အစည်းအဝေးတရပ်ကို ဦးဆောင်ခဲ့ပါတယ်။

ရုရှားသမ္မတနန်းတော် သတင်းထုတ်ပြန်ရေးဌာနက ပူတင်အခန်းထဲ ဝင်လာတဲ့ အသံတိတ်ဗီဒီယို အတိုလေးကိုသာ ထုတ်ပြန်ခဲ့ပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

ဒါ့အပြင် ရုရှားသမ္မတဟောင်း ဒမစ်ထရီမက်ဗီဒက်ဗ်၊ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘီလူဆော့ဗ်၊ ရုရှားထောက်လှမ်းရေးဌာန FSBရဲ့ အကြီးအကဲ အလက်ဇန္ဒား ဘော့နီကော့ဗ်၊ အထွေထွေဝန်ထမ်းဌာန အကြီးအကဲ ဗလယ်ရီ ဂျေရာဆီမော့ဗ်နဲ့ သမ္မတအကြံပေး အလက်ဆီ ဒယူမင်တို့လည်း ဒီအစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013