
ယူကရိန်းနဲ့ ပဋိပက္ခမှာ အောင်ပွဲရဖို့ အလွန်နီးကပ်နေပြီလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပဲ့စ်ကော့ဗ်က စက်တင်ဘာ ၈ ရက်မှာ ပြောပါတယ်။
ပဲ့စ်ကော့ဗ်ဟာ အိန္ဒိယနိုင်ငံက သတင်းထောက်တွေနဲ့ ဗီဒီယိုလင့်ခ်ကတဆင့် စကားပြောခဲ့တာပါ။
“အောင်ပွဲဟာ အလွန်နီးကပ်နေပြီဆိုတာ ကျနော်တို့ သေချာပါတယ်” လို့လည်း ပဲ့စ်ကော့ဗ်က ပြောခဲ့ပါတယ်။
အမေရိကန် ငြိမ်းချမ်းရေးညှိနှိုင်းရေးမှူးတွေရဲ့ အလည်အပတ် ခရီးစဉ်ကို ခေတ္တရပ်တန့်ပြီးတဲ့နောက် ရုရှားဟာ အင်္ဂါနေ့ အစောပိုင်းမှာ ယူကရိန်းကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
အမေရိကန်သံတမန်တွေဖြစ်တဲ့ ဂျရဒ် ကုရှ်နာနဲ့ စတိဗ်ဝစ်ကော့ဖ်တို့ဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ဆွေးနွေးအပြီး စက်တင်ဘာ ၆ ရက်မှာ ကိယက်ဗ်မြို့တော်ကနေ ထွက်ခွာသွားခဲ့ပါတယ်။
ထရမ့်ပ်အစိုးရက ရုရှားနဲ့ ယူကရိန်း ၄ နှစ်ခွဲကြာ စစ်ပွဲကို အဆုံးသတ်ရေး တွန်းအားပေးမှုကို တကျော့ပြန် အသက်သွင်းခဲ့ပါတယ်။
Source: Reuters











