DVB Logo
Home
နိုင်ငံတကာ
ဂါဇာအတွက် နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ မကြာခင် ရောက်လာမည်ဟု ထရမ့်ပ် ပြော
DVB
·
November 7, 2025
ဂါဇာအတွက် နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ မကြာခင် ရောက်လာမည်ဟု ထရမ့်ပ် ပြော
Donate to DVB

ဂါဇာအတွက် နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့တဖွဲ့ မကြာခင် မြေပြင်မှာ ရောက်ရှိလာတော့မယ်၊ ဂါဇာမှာလည်း အရမ်းအဆင်ပြေနေပြီး ပြဿနာတွေကို သိပ်မကြားရသေးဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။

သမ္မတထရမ့်ပ်က “ဂါဇာမှာ စေတနာ့ဝန်ထမ်းလုပ်တဲ့ နိုင်ငံတွေရှိခဲ့ပြီး ဥပမာအနေနဲ့ ဟားမတ်စ် ဒါမှမဟုတ် တခုခုနဲ့ ပြဿနာတခုခုရှိရင် သူတို့က စေတနာ့ဝန်ထမ်းလုပ်ပြီး ကိုင်တွယ်ဖြေရှင်းပေးပါတယ်။ ဒီမဟာမိတ်အဖွဲ့မှာ ကျနော်တို့ အင်အားကြီးနိုင်ငံတွေရှိပါတယ်။ ဒါက အရှေ့အလယ်ပိုင်းမှာ အရမ်းအားကောင်းတဲ့ ငြိမ်းချမ်းရေးပါ။ ဟားမတ်စ်က အရမ်းသေးငယ်တဲ့ အစိတ်အပိုင်းတခု ဖြစ်ပြီး သူတို့ပြောတဲ့အတိုင်း သူတို့မလုပ်ဘူးဆိုရင် သူတို့တခါမှ မကြုံဖူးတဲ့ အရမ်းကြီးမားတဲ့ ပြဿနာတခုရှိတယ်။ အခုချိန်ထိတော့ သူတို့လည်း ကောင်းကောင်း လုပ်ဆောင်နေပါတယ်”လို့ အိမ်ဖြူတော်မှာ ပြောပါတယ်။

ဒါ့ကြောင့် ကုလသမဂ္ဂမှာ နိုင်ငံတကာမှာ မူဘောင်တခု ဖန်တီးပေးမယ့် ဆုံးဖြတ်ချက်တရပ် ရေးဆွဲဖို့ လုပ်ဆောင်နေကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့ပြီး တည်ငြိမ်ရေးတပ်ဖွဲ့ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ နိုင်ငံတွေအားလုံး ပါဝင်လာနိုင်ပေမယ့် ဒါကို လုပ်ဆောင်နိုင်ဖို့ ဒီကုလသမဂ္ဂရဲ့ အမိန့်ပေးချက် လိုအပ်ကြောင်းလည်း ဆိုပါတယ်။

အမေရိကန်ဟာ ဂါဇာအတွက် ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ရွေးကောက်ခံအဖွဲ့ဝင် ၁၀ ယောက်နဲ့အတူ နိုဝင်ဘာ ၅ ရက် နှောင်းပိုင်းမှာ မျှဝေမှာဖြစ်ကြောင်း အမေရိကန်အရာရှိ တယောက်က ပြောပါတယ်။ 

အမေရိကန်ဟာ ဂါဇာအသွင်ကူးပြောင်းရေးအုပ်ချုပ်ရေးအဖွဲ့နဲ့ ပါလက်စတိုင်းနယ်မြေမှာ နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့အတွက် ၂ နှစ်ကြာ တာဝန်ပေးအပ်မယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ရေးဆွဲထားကြောင်း ရိုက်တာ သတင်းဌာနက မြင်တွေ့ခဲ့ရတဲ့ စာသားအရ သိရပါတယ်။ 

စာမျက်နှာ ၂ မျက်နှာပါ အဆိုပါ စာသားမှာတော့ “ဂါဇာမှာ ယာယီနိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (ISF) တည်ထောင်ဖို့ လုပ်ပိုင်ခွင့်ပေးထားပြီး အဲဒီတပ်ဖွဲ့ဟာ သူ့ရဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ဖို့အတွက် လိုအပ်တဲ့ အစီအမံတွေအားလုံး လုပ်ဆောင်နိုင်တဲ့ code for force ကို အသုံးပြုခွင့် ပေးထားပါတယ်။ 

အဲဒီဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ဖို့အတွက် အနည်းဆုံး ထောက်ခံမဲ ၉ မဲနဲ့ ရုရှား၊ တရုတ်၊ အမေရိကန်၊ ဗြိတိန် သို့မဟုတ် ပြင်သစ်တို့က ဗီတိုအာဏာ မသုံးဖို့လည်း လိုအပ်တာပါ။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013