
ဟော်လန်ကလပ် အိုင်းယက်စ်အသင်းဟာ လီဗာပူးလက်ထောက်နည်းပြဟောင်း ဂျွန်နီဟိုက်တင်ဂါ ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
ချန်ပီယံလိဂ်မှာ ဂါလာတာစာရေးအသင်းကို အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြဟိုက်တင်ဂါကို အိုင်းယက်စ်အသင်းက ထုတ်ပယ်ခဲ့တာပါ။
အသက် ၄၁ နှစ်ရှိ အဲဗာတန်ကစားသမားဟောင်းဟာ အိုင်းယက်စ်လူငယ်အသင်းတွေနဲ့ နည်းပြဘ၀ စတင်ခဲ့ပြီး မနှစ်ကရာသီမှာ လီဗာပူးအသင်းနည်းပြအာနဲစလော့ရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သူပါ။
အခုနှစ်မေလက လီဗာပူးကနေ ထွက်ခွါပြီး အိုင်းယက်စ်အသင်းကို စတင်တာဝန်ယူခဲ့ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ခဲ့ပေမဲ့ ၅ လကျော်ကာလအတွင်းမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
နည်းပြသစ်တယောက် အမြန်ဆုံးရှာဖွေသွားမှာဖြစ်ပြီး လတ်တလောမှာ ယာယီနည်းပြအဖြစ် နည်းပြအဖွဲဝင် ဖရတ်ဒ်ကဂရမ်က တာဝန်ယူသွားမယ်လို့ အိုင်းယက်စ်အသင်းက ထုတ်ပြန်သွား ပါတယ်။
Photo:Reuters










