DVB Logo
Home
အားကစား
အိုင်းယက်စ်က ဟော်လန်နောက်ခံလူ ဟာတိုကို ခေါ်ယူရန် ချဲလ်ဆီးနီးစပ်
DVB
·
July 31, 2025
အိုင်းယက်စ်က ဟော်လန်နောက်ခံလူ ဟာတိုကို ခေါ်ယူရန် ချဲလ်ဆီးနီးစပ်
Donate to DVB

ချဲလ်ဆီးအသင်းဟာ အိုင်းယက်စ်အသင်းက ဟော်လန်နောက်ခံလူ ဂျော်ရယ်ဟာတိုကို ခေါ်ယူနိုင်ဖို့ နီးစပ်လာပါတယ်။

အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ဘယ်နောက်ခံလူဟာ ဟော်လန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရပြီး အနာဂတ်မှာ ထွန်းတောက်လာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။

ဗဟိုခံစစ်မှာလည်း ကစားနိုင်တဲ့ ဟာတိုဟာ မနှစ်က အိုင်းယက်စ်နဲ့ ၃၁ ပွဲမှာ ၂ ဂိုးသွင်း ၆ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့သူပါ။

ချဲလ်ဆီးအသင်းဟာ  ဘယ်နောက်ခံလူနေရာအတွက် စပိန်ကစားသမား ကူကူရယ်လာ ရှိနေပေမဲ့ ပွဲအများကြီး ကစားရမယ့်အခြေအနေမှာ ဟာတိုကို အရန်သင့်သုံးနိုင်ဖို့ စီစဉ်လာခဲ့တာပါ။

ဟာတို အတွက် ပေါင် ၃၇ သန်းနဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီး အပြီးသတ်ခေါ်ယူမှုကို လာမယ့်ရက်ပိုင်းမှာ လုပ်ဆောင်သွားဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013