DVB Logo
Home
မြန်မာသတင်း
KK Park ကျားဖြန့်မှ ထွက်ပြေးလာသည့် အိန္ဒိယနိုင်ငံသားများကို စစ်ဘက်လေယာဉ်ဖြင့်ပြန်ခေါ်   
DVB
·
November 6, 2025
KK Park ကျားဖြန့်မှ ထွက်ပြေးလာသည့် အိန္ဒိယနိုင်ငံသားများကို စစ်ဘက်လေယာဉ်ဖြင့်ပြန်ခေါ်   
1 / 5
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီ KK Park ကျားဖြန့်လုပ်ငန်းကနေ ထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသားတွေထဲက အယောက် ၂၇၀ ကို နိုဝင်ဘာ ၆ ရက်မနက်မှာ ထိုင်းနိုင်ငံ မဲ​ဆောက်မြို့​ လေယာဥ်ကွင်းကတဆင့် အိန္ဒိယစစ်ဘက်လေယာဉ်နဲ့ ပြန်လည် ခေါ်ဆောင်သွားပါတယ်။

မြဝတီမြို့တဘက်ကမ်း မဲ​ဆောက်မြို့​လေယာဥ်ကွင်းကနေ စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးနဲ့ အိန္ဒိယနိုင်ငံသားတွေကို ၂ သုတ်ခွဲ ပြန်ခေါ်သွားတာဖြစ်ပြီး အမျိုးသမီး ၂၆  ယောက်ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါ အိန္ဒိယနိုင်ငံသားတွေဟာ မြဝတီမြို့​တောင်ဘက် KK Park မှာ စီးနင်းမှုတွေ နောက်ပိုင်း ထိုင်းနိုင်ငံဘက်ကိုကို တိမ်း​ရှောင်ထွက်​ပြေးလာသူ​တွေ ဖြစ်ပါတယ်။

ထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသား အယောက် ၄၀၀ ကျော်လောက် နေရပ်ပြန်နိုင်ရေးအတွက် ထိုင်းအ​ခြေစိုက် အိန္ဒိယသံရုံးတာဝန်ရှိ​တွေနဲ့ ထိုင်းဌာနဆိုင်ရာတွေ ပူး​ပေါင်း​ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

KK Park မှာရှိတဲ့ အဆောက်အအုံတွေကို ဝင်စီးနင်းတာနဲ့ သီတင်းတပတ်ကျော်လောက် ဆက်တိုက် ဗုံးခွဲဖျက်ဆီးပြီးနောက်  ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ထွက်ပြေးလာတဲ့ ကျားဖြန့်လုပ်သား နိုင်ငံခြားသားပေါင်း အယောက်  ၁၆၀၀ ကျော်ရှိနေပြီလို့ ထိုင်းသတင်း ရင်းမြစ်ကနေ သိရပါတယ်။

ဒီအထဲမှာ နိုင်ငံပေါင်း ၂၈ နိုင်ငံက ပါဝင်ပြီး  အိန္ဒိယက  ၄၆၅ ယောက်နဲ့ အများဆုံးဖြစ်ကာ ဖိလစ်ပိုင်အယောက် ၂၂၀၊ တရုတ် ၁၈၅ ယောက်၊ ဗီယက်နမ် ၁၅၁ ယောက်နဲ့  အီသီယိုပီးယားက အယောက် ၁၃၀ တို့  အစဉ်လိုက် ပါဝင်ပါတယ်။

နိုဝင်ဘာ ၃ ရက်ညနေကလည်း မြဝတီမြို့နယ်ရှိ ကျားဖြန့်လုပ်သားတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတာမှာ အီသီယိုးပီးယားနိုင်ငံသား ၅ ယောက်ကို ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူ ၅ ယောက်ကို ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း အရေးယူသွားမှာဖြစ်ပြီး အမှုပြီးမြောက်အချိန်နောက်ပိုင်း သက်ဆိုင်ရာနိုင်ငံကို လွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။

ထိုင်းအရာရှိတွေရဲ့ သတင်းရင်းမြစ်များအရ အိန္ဒိယလေတပ်က နိုဝင်ဘာ ၆ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ မဲဆောက်လေဆိပ်ကနေ အိန္ဒိယနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူရေးအတွက် ရွှေ့ပြောင်းလေကြောင်းခရီးစဉ် ၃ ကြိမ် ပြုလုပ်မယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တို့က နိုဝင်ဘာ ၂ ရက်ကစပြီး KK Park ရှိ  အဆောက်အအုံတွေကို နေ့ရော ညပါ ဖောက်ခွဲ ဖျက်ဆီးပြနေပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ မြေပိုင်နက်ထဲမှာ ထောင်ပေါင်းများစွာသော နိုင်ငံခြားသားတွေ တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဒုစရိုက်လုပ်ငန်းတွေမျိုးစုံ ပေါ်ပေါ်တင်တင် ဆောင်ရွက်နေကြပေမဲ့ အာဏာသိမ်း စစ်ကောင်စီစစ်တပ်အနေနဲ့ ရာဇတ်သားတွေကို မြန်မာနိုင်ငံရဲ့ ဥပဒေအရ အရေးယူတာ ပြစ်ဒဏ်ချမှတ်တာတွေ လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013