
ChatGPT ရဲ့ ပိုင်ရှင် OpenAI ဟာ Amazon ရဲ့ Cloud computing နဲ့ ပတ်သက်ပြီး အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံတန် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
၂၀၂၅ ခုနှစ်ထဲမှာ ChatGPT ဟာ Oracle၊ Broadcom၊ AMD နဲ့ ချစ်ပ်ပြားထုတ်လုပ်တဲ့ Nvidia တို့နဲ့ ဒေါ်လာ ၁ ထရီလီယံကျော် စာချုပ်တွေ ချုပ်ဆိုထားတာတွေ့ရပါတယ်။
Amazon နဲ့ ချုပ်ဆိုခဲ့တဲ့ နောက်ဆုံးစာချုပ်က ChatGPT အနေနဲ့ Microsoft အပေါ်မီခိုမှုကို လျော့ချနိုင်င်ဖို့ရည်ရွယ်ပါတယ်။
၇ နှစ်သဘောတူညီချက်မှာ OpenAI ဟာ Nvidia ရဲ့ Processorတွေကို AI မော်ဒယ်တွေမှာ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။
OpenAI ဟာ ပြီးခဲ့တဲ့အပတ်က စပြီး ဖွဲ့စည်းပုံကို ပြန်လည်တည်ဆောက်ခဲ့ကာ အကျိုးအမြတ်မယူတဲ့အဖွဲ့ကနေ ဘဏ္ဍာရေးလွတ်လပ်ခွင့်နဲ့ ပိုပြီးလုပ်ဆောင်ခွင့်တွေရှိဖို့ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
OpenAI စီအီးအို ဆမ်အော့မန်းက “ကျနော်တို့ရဲ့ မိတ်ဖက် AWS က လာမယ့် ခေတ်သစ်မှာ AI ကို နေရာတိုင်းမှာ အသုံးပြုနိုင်အောင် အင်အားဖြစ်စေမှာပါ” လို့ ပြောပါတယ်။
OpenAI ဟာ ၂၀၂၂ ခုနှစ်မှာ ChatGPT ကို စတင်မိတ်ဆက်ခဲ့ပြီး AI နည်းပညာကို ယူဆောင်ပေးခဲ့ပါတယ်။ ChatGPT ဟာ Microsoft ရဲ့ ကွန်ပျူတာစနစ်အပေါ် အချိန်အကြာကြီး မီခိုနေရတာ ဖြစ်ပါတယ်။
Microsoft နဲ့ ဒီနှစ် ဇန်နဝါရီလအထိ Cloud နည်းပညာအသုံးပြုမှု သဘောတူညီခဲ့ပြီး သူတို့ရဲ့ ဆက်ဆံရေးအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
Open AI ဟာ Microsoft အပေါ်မီခိုရမှုကို လျော့ချပြီး Amazon ရဲ့ AWS စနစ်ကို ပြောင်းလဲ အသုံးပြုမှာဖြစ်ပါတယ်။
OpenAI နဲ့ Amazon တို့ စာချုပ်သဘောတူညီမှုရပြီးနောက် Amazon ရဲ့ ရှယ်ယာတွေဟာ ဒေါ်လာ ၁၄၀ ဘီလီယံအထိ ထပ်တိုးခဲ့ပြီး ရှယ်ယာတန်ဖိုး အမြင့်ဆုံး ထိုးတတ်ခဲ့ပါတယ်။
Source: Reuters










