DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းက ရုရှားနှင့်စစ်ပွဲကို အမှတ်ပေးဂိမ်းအဖြစ် အသွင်ပြောင်းလာ 
DVB
·
November 3, 2025
ယူကရိန်းက ရုရှားနှင့်စစ်ပွဲကို အမှတ်ပေးဂိမ်းအဖြစ် အသွင်ပြောင်းလာ 
Donate to DVB

လက်ရှိ ရုရှားနဲ့ စစ်မြေပြင်မှာ ယူကရိန်းအစိုးရဟာ လက်တွေ့ဂိမ်းတခု ဖန်တီးပြီး ထိရောက်အောင်မြင်တဲ့ တိုက်ခိုက်မှုတွေအတွက် ဆုချတာမျိုးတွေ ပြုလုပ်နေပါတယ်။

ဒါဟာ ယူကရိန်းဘက်က ရုရှားစစ်သားနဲ့ စစ်လက်နက်ပစ္စည်းတွေကို တိုက်ခိုက်နိုင်တဲ့အပေါ် မူတည်ပြီး အမှတ်ပေးတာမျိုး ဖြစ်ပါတယ်။

ဥပမာအားဖြင့် ရုရှားစစ်သားတယောက် ဒဏ်ရာရရင် ၈ မှတ်နဲ့ အသက်ဆုံးရှုံးခဲ့ရင် ၁၂ မှတ် ဒါမှမဟုတ် တင့်ကားတစီး ထိခိုက်ပျက်စီးသွားရင် ရမှတ် ၂၀ နဲ့ အလုံးစုံ ဖျက်ဆီးပစ်နိုင်ရင်တော့ ရမှတ် ၄၀ အထိ ပိုင်ဆိုင်နိုင်မှာပါ။

အလားတူ ရုရှားကနေ ဒုံးကျည်အများအပြား ပစ်လွှတ်နိုင်တဲ့စနစ်ကို ဖျက်ဆီးလိုက်ရင် ရမှတ် ၇၀ ဆိုတာမျိုး အပါအဝင် ဒရုန်းအကူအညီနဲ့ ရုရှားစစ်သားတယောက် အရှင်ဖမ်းမိမယ် ဆိုရင်တော့ အမြင့်ဆုံးအမှတ် ၁၂၀ အထိ ရရှိနိုင်ပါတယ်။

၂၀၂၄ သြဂုတ်လတုန်းက ဒီပြိုင်ပွဲကို အစမ်းသဘောအနေနဲ့ စတင်ခဲ့ပြီးနောက် တပ်ရင်းအလိုက် အမှတ်ရဖို့အတွက် ယှဉ်ပြိုင်လာကြတာ တွေ့ရပါတယ်။

ဒါကြောင့် စစ်ကြောင်းတခုက အမှတ်များများရလေလေ ပိုပြီး ကောင်းမွန်တဲ့ စစ်လက်နက်တွေကို ၀ယ်ယူနိုင်လေလေ ဆိုတဲ့ ဂိမ်းပြိုင်ပွဲပုံစံမျိုး ဖြစ်လာခဲ့တာပါ။

အဲဒီထဲမှာ ထောက်လှမ်းရေးအ​ခြေခံဒရုန်းတွေနဲ့ ဖောက်ခွဲရေးပစ္စည်း သယ်ဆောင်နိုင်တဲ့ ဒရုန်းအကြီးစားတွေ ပါဝင်သလို စစ်သားတွေအတွက် ဆိုရင်လည်း ဆုတံဆိပ်နဲ့ ရာထူးတိုးပေးတာမျိုးအထိ ထည့်သွင်းထားပါတယ်။

အဲဒီနောက် ကိယက်ဗ်မြို့တော်က ရုံးချုပ်ကို အောင်မြင်တဲ့ တိုက်ခိုက်ရေးမှတ်တမ်းတွေ တင်ပြပြီးတဲ့အခါ အမှတ်နဲ့ ရလာမယ့် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်တွေဟာ အကောင်းဆုံး အသုံးချနိုင်တဲ့ အဖွဲ့တွေဆီ ရောက်ရှိစေမှာ ဖြစ်ပါတယ်။

၃ နှစ်ခွဲကြာ တိုက်ပွဲအတွင်း စစ်ပန်းနေပြီဖြစ်တဲ့ ဒရုန်းမောင်းနှင်သူတွေကို ပြိုင်ပွဲကနေတဆင့် တက်ကြွလာအောင် ထိန်းထားခဲ့နိုင်တယ်လို့ အရာရှိတွေက ပြောပြပါတယ်။

အသက် ၃၃ နှစ်အရွယ် ယူကရိန်းဒရုန်း တပ်မှူးတယောက်ဖြစ်သူ စတန်း (Stun) ကတော့ “ဒါဟာ ရက်စက်ကြမ်းတမ်းတဲ့ ဂိမ်းပါ။ လူ့အသက်တွေကို ရမှတ်တွေအဖြစ် ပြောင်းလဲပစ်လိုက်တာ” ဆိုပြီး မှတ်ချက်ပေးပါတယ်။

အခုလိုမျိုး လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းတွေဟာ စစ်မြေပြင်ရဲ့ အဝေးတနေရာကနေ ခလုတ်တချက်နှိပ်လိုက်ရုံနဲ့ လူ့အသက်များစွာကို ဆုံးရှုံးစေနိုင်တဲ့အလျောက် လူမဆန်ဘူးဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း “၂၁ ရာစုခေတ်မှာ တင်းပြည့် စစ်ပွဲကြီးတခုကို စတင်တာကသာ လူမဆန်တာပါ” ဆိုပြီး ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးဝန်ကြီး မိုင်ခိုင်လို ဖက်ဒိုရော့ဗ် (Mykhailo Fedorov) က တုံ့ပြန်ထားပါတယ်။

ရုရှားဘက်ခြမ်းမှာလည်း သူတို့ကိုယ်ပိုင် စစ်မြေပြင်ပြိုင်ပွဲပုံစံရှိပြီး ယူကရိန်း ရဟတ်ယာဉ်တစီး ဖျက်ဆီးနိုင်ရင် ဒေါ်လာ ၂,၄၀၀ နဲ့ Leopard တင့်ကားအမျိုးအစား သိမ်းပိုက်နိုင်ရင်တော့ ဒေါ်လာ ၁၂,၀၀၀ စတဲ့ ဆုကြေးငွေ အသီးသီး ပေးအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013