DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ ရွေးကောက်ပွဲဆန့်ကျင်ရေး ကယန်းဒေသတွင် ဟောပြောလှုပ်ရှားမှုလုပ်
DVB
·
November 2, 2025
စစ်ကောင်စီ၏ ရွေးကောက်ပွဲဆန့်ကျင်ရေး ကယန်းဒေသတွင် ဟောပြောလှုပ်ရှားမှုလုပ်
Donate to DVB

စစ်ကောင်စီတပ်က ပြည်သူ့သဘောဆန္ဒမပါဘဲ လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့အတွက် ကမ်ပိန်းတခုကို အောက်တိုဘာ ၃၁ ရက်က ကယန်းဒေသတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဖယ်ခုံမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂက နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖယ်ခုံမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂအမှုဆောင်တယောက်က “အတုအယောင် ရွေးကောက်ပွဲလို့ပဲ မြင်ပါတယ်။ သူတို့အကျိုးစီးပွားကို ဆက်လက်ကာကွယ်ဖို့ အစိုးရလုပ်ချင်လို့ ဒီရွေးကောက်ပွဲနည်းလမ်းကို သုံးတယ်လို့ မြင်မိပါတယ်။ ကျောင်းသားထု၊ ပြည်သူလူထုကို ဟောပြောပွဲတွေ၊ ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ လိုက်လံဝေမျှတာတွေ လုပ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကရင်နီပြည်နယ်ထဲက မြို့နယ် ၇ ခုမှာ ရွေးကောက်ပွဲလုပ်မယ်လို့ သြဂုတ် ၁၅ ရက်က ကြေညာခဲ့ပေမယ့် မြို့နယ် ၄ ခုမှာပဲ ရွေးကောက်ပွဲ လုပ်နိုင်တော့မယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့နယ်နဲ့ ဘောလခဲမြို့နယ်မှာ ပထမအဆင့် ရွေးကောက်ပွဲကို ဒီဇင်ဘာလထဲ ပြုလုပ်ပြီး ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်မှာတော့ လာမယ့်နှစ် ဇန်နဝါရီလထဲမှာ ဒုတိယအဆင့် ရွေးကောက်ပွဲအနေနဲ့ ပြုလုပ်သွားမယ်လို့ အောက်တိုဘာလထဲမှာ စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂအမှုဆောင်တယောက်က “ဒီးမော့ဆိုမြို့ ရွေးကောက်ပွဲလုပ်ဖို့ ကြေညာချက်မှာ ပါတယ်။ ဒါပေမဲ့ သူတို့လုပ်နိုင်တဲ့ အခြေအနေမရှိပါဘူး” လို့ ပြောပါတယ်။

ကရင်နီပြည်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားပေမယ့် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်မျက်နှာ ၅ ခုထက်မနည်း ရှိနေတယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013