DVB Logo
Home
အားကစား
အာဆင်နယ်ကစားသမား ယိုကရက်စ်နှင့် ဇူဘီမန်ဒီတို့  အသေးစားဒဏ်ရာရ
DVB
·
November 2, 2025
အာဆင်နယ်ကစားသမား ယိုကရက်စ်နှင့် ဇူဘီမန်ဒီတို့  အသေးစားဒဏ်ရာရ
Donate to DVB

ဘန်လေကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ တိုက်စစ်မှူး ဗစ်တာယိုကရက်စ်နဲ့ ကွင်းလယ်လူ ဇူဘီမန်ဒီတို့ အသေးစားဒဏ်ရာတွေရရှိခဲ့တာကြောင်း နည်းပြအာတေတာက အတည်ပြု ပြောသွားပါတယ်။

ဗစ်တာယိုကရက်စ်ဟာ ဘန်လေနဲ့ပွဲမှာ အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့သူဖြစ်ပြီး ကြွက်သားဒဏ်ရာကြောင့် ဒုတိယပိုင်းမှာ ပြန်မကစားတော့ဘဲ လူစားလဲခံခဲ့ရတာပါ။

ဇူဘီမန်ဒီဟာလည်း ပွဲချိန် ၇၇ မိနစ်မှာ လူစားလဲခံခဲ့ရပြီး ကစားသမားကိုယ်တိုင်က လူစားလဲပေးဖို့ တောင်းဆိုခဲ့တာကြောင့်ဖြစ်ပြီး ဒဏ်ရာအခြေအနေ အသေးစိတ်ကို စစ်ဆေးမှုတွေ လုပ်ဆောင်သွားရမှာဖြစ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။

အာဆင်နယ်မှာ တိုက်စစ်ကစားသမားတွေ ဖြစ်တဲ့ ဂျေဇု၊ ကိုင် ဟာဗက်ဇ်၊ မာတင်နယ်လီနဲ့ မာဒူအက်ကေတို့လည်း ဒဏ်ရာကြောင့် အနားယူနေရတာပါ။

ယိုကရက်စ်နဲ့ ဇူဘီမန်ဒီတိုရဲ့ ဒဏ်ရာအခြေအနေတွေက ပြင်းထန်တဲ့ပုံမရှိတာကြောင့် လာမယ့် တပတ်ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်လိမ့်မယ်လို့ သတင်းတွေမှာ ခန့်မှန်းရေးသားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013