DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာတဝန်း ဟောလိုးဝင်းပွဲတော် ထူးခြားစွာကျင်းပ (ဓာတ်ပုံ)
DVB
·
November 1, 2025
ကမ္ဘာတဝန်း ဟောလိုးဝင်းပွဲတော် ထူးခြားစွာကျင်းပ (ဓာတ်ပုံ)
1 / 14
Donate to DVB

ကမ္ဘာတဝန်း နိုင်ငံအများအပြားမှာ ဟောလိုးဝင်းပွဲတော်ကို အောက်တိုဘာ ၃၁ ရက်က ပုံစံမျိုးစုံနဲ့  ကျင်းပခဲ့ကြပြီး သက်ဆိုင်ရာနိုင်ငံအလိုက် ရိုးရာနဲ့  အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးတဲ့ ဝတ်စုံတွေ ရောနှောဝတ်ဆင်ကာ ပါဝင်ဆင်နွှဲခဲ့ကြ ပါတယ်။

မြောက်အိုင်ယာလန်နဲ့ အိုင်ယာလန်နိုင်ငံတွေမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဟောလိုးဝင်းစီတန်းလှည့်လည်ပွဲတွေကို ကျင်းပခဲ့ကြပါတယ်။

ဘိုလီးဗီးယားနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ ကလေးသူငယ်တွေနဲ့ မိသားစုတွေဟာ အရောင်အသွေးစုံတဲ့ ဝတ်စုံတွေနဲ့ ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါတယ်။

ပါဝင်ဆင်နွှဲသူတွေဟာ သီလရှင်၊ သရဲ၊ အရိုးစုလို ကြောက်စရာဝတ်စုံတွေကနေ မိုက်ကယ်ဂျက်ဆင်လို ပုံစံမျိုးစုံအထိ ဝတ်ဆင်ခဲ့ကြတာကို တွေ့ရပါတယ်။

အလားတူပဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာလည်း ဟောလိုးဝင်း အပြင်အဆင်တွေနဲ့ ကျင်းပခဲ့သလို  ဟောင်ကောင်ရဲ့ လူစည်ကားတဲ့ နေရာတနေရာ မှာလည်း လူတွေဟာ ထူးခြားတဲ့ဝတ်စုံတွေနဲ့ ပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။

ဟောလိုးဝင်းဟာ ရိုးရာဓလေ့မဟုတ်တဲ့ ဂရိနိုင်ငံလိုနေရာမျိုးမှာတောင် ပိုပြီးလူကြိုက်များ လာနေပါတယ်။ အေသင်မြို့လယ်က ကော်ဖီဆိုင်တဆိုင်ဟာ ဖရုံသီး၊ အရိုးစုနဲ့ စုန်းမလို အပြင်အဆင်တွေ ပြုပ်ထားတာ မြင်တွေ့ရပါတယ်။

အစပိုင်းမှာ ဒေသခံတချို့က ဒီအပြင်အဆင်တွေကို မနှစ်မြို့ခဲ့ကြပေမဲ့ အခုအခါမှာတော့ ဓာတ်ပုံတွေရိုက်ကြပြီး ဝတ်စုံတွေနဲ့တောင် လာရောက်ကြပါတယ်။

ဂရိနိုင်ငံမှာ နိုင်ငံခြားသားနေထိုင်သူတွေနဲ့ ခရီးသွားတွေ များပြားလာတာနဲ့အမျှ မကြာသေးမီနှစ်တွေ အတွင်း ဟယ်လိုဝင်းဟာ ပိုပြီး ရေပန်းစားလာခဲ့ပါတယ်။

ဆိုင်တွေမှာ အလှဆင်ပစ္စည်းတွေ ရောင်းချလာကြသလို ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေကလည်း ဟောလိုးဝင်း ပါတီတွေ ကျင်းပလာကြပြီး ကလေးတွေအတွက် ပန်းခြံတွေမှာ ပွဲတော်တွေ ပြုလုပ်လာကြပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်၊ ကယ်လီဖိုးနီးယား၊ ဗြိတိန်နဲ့ ကနေဒါစတဲ့ နိုင်ငံတွေမှာလည်း ဟောလိုးဝင်း ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013