DVB Logo
Home
နိုင်ငံတကာ
ဟာရီကိန်းမုန်တိုင်းကြောင့် ကာရစ်ဘီယံဒေသအတွင်း သေဆုံးသူ ၅၀ နီးပါးရှိလာ
DVB
·
October 31, 2025
ဟာရီကိန်းမုန်တိုင်းကြောင့် ကာရစ်ဘီယံဒေသအတွင်း သေဆုံးသူ ၅၀ နီးပါးရှိလာ
Donate to DVB

မယ်လစ်ဆာ ဟာရီကိန်းမုန်တိုင်းကြောင့် ကာရစ်ဘီယံဒေသမှာ အောက်တိုဘာ ၃၀ ရက်က သေဆုံးသူ အရေအတွက် စုစုပေါင်း ၄၉ ယောက်အထိ မြင့်တက်လာတယ်လို့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။

Category-2 အဆင့် ရှိနေဆဲဖြစ်တဲ့ အဲဒီမုန်တိုင်းက တနာရီကို အမြင့်ဆုံးလေတိုက်နှုန်း မိုင် ၁၀၀ နဲ့ ဗြိတိန်ပိုင်နက် ဘာမြူဒါကျွန်းတွေဆီ ဆက်လက်ဦးတည်နေပါတယ်။

ဒါ့အပြင် မယ်လစ်ဆာဟာ ကာရစ်ဘီယံဒေသရဲ့ မှတ်တမ်းတင်ထားသမျှ ဟာရီကိန်းတွေထဲမှာ တတိယမြောက် အပြင်းထန်ဆုံးမုန်တိုင်းလည်း ဖြစ်ပါတယ်။

အနှေးဆုံးရွေ့လျားခဲ့တဲ့ မုန်တိုင်းလည်း ဖြစ်တဲ့အလျောက် မယ်လစ်ဆာ ဖြတ်သန်းရာ လမ်းကြောင်းတလျှောက်က ဂျမေကာ၊ ကျူးဘားနဲ့ ဟေတီ စတဲ့နိုင်ငံတွေရဲ့ ပျက်စီးဆုံးရှုံးမှုကိုပါ များပြားစေခဲ့ပါတယ်။

အဲဒီနောက် မုန်တိုင်း တိုက်ရိုက်ဝင်ရောက်ခဲ့ခြင်း မရှိတဲ့ ဟေတီမှာတော့ အသေအပျောက် အများဆုံး ဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။

ဒါဟာ ရက်နဲ့ချီအောင် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာနဲ့ ရေကြီးရေလျှံမှုတွေကြောင့်ဖြစ်ပြီး သေဆုံးသူ ၃၀ ထက်မနည်းနဲ့ နောက်ထပ် အယောက် ၂၀ အထိ ပျောက်ဆုံးနေပါတယ်။

ဂျမေကာ ပြန်ကြားရေးဝန်ကြီးကလည်း သေဆုံးသူ ၁၉ ယောက် ရှိခဲ့ကြောင်းနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြောပါတယ်။

မယ်လစ်ဆာ မုန်တိုင်းက ကျူးဘားအရှေ့ပိုင်းကိုလည်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အဲဒီမှာ လူပေါင်း ၇၃၀,၀၀၀ လောက် ဘေးလွတ်ရာဆီ ပြောင်းရွှေ့ထားပြီး ဖြစ်တဲ့အလျောက် သေဆုံးသူ မရှိသေးကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် အနောက်ကာရစ်ဘီယံဒေသ တလျှောက်မှာ စီးပွားရေးနဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို ဒေါ်လာ ၄၈ ဘီလီယံကနေ ၅၂ ဘီလီယံကြား ရှိနိုင်တယ်ဆိုပြီး ခန့်မှန်းထားပါတယ်။

အစိမ်းရောင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် သမုဒ္ဒရာရေပြင်တွေ ပူနွေးလာတာနဲ့အမျှ ဟာရီကိန်း မုန်တိုင်းတွေဟာ ပိုမိုမြန်ဆန်စွာ ပြင်းထန်လာတဲ့အပြင် မကြာခဏ အဖြစ်များလာတယ်လို့ပါ သတိပေးထားပါတယ်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေက​ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အနည်းဆုံး ဖြစ်ပေမဲ့လည်း ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အဆိုးဆုံးရင်ဆိုင်နေရကြောင်း သိပ္ပံပညာရှင်တွေအနေနဲ့ ထောက်ပြထားပါတယ်။

ဒါကြောင့်ပဲ ကာရစ်ဘီယံ နိုင်ငံ့ခေါင်းဆောင် အများအပြားက ချမ်းသာကြွယ်၀ပြီး ပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ နိုင်ငံတွေကို အကူအညီတွေ ပြန်ပေးဖို့ ဒါမှမဟုတ် ကြွေးမြီဖြေလျှော့ပေးဖို့ တောင်းဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013